A d v e r t i s e m e n t With Us

ရတနာပုံတံတားစီမံကိန်း ပိုလျှံမြေများ ပြန်ရရေး ဒေသခံများ ဆန္ဒထုတ်ဖော်

ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ဧရာဝတီ ရတနာပုံတံတား စီမံကိန်းပြီးစီးသွားပေမယ့် ပိုလျှံမြေများ ပြန်လည်မရရှိသေးတဲ့အတွက် ဒေသခံတောင်သူတွေ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ yadanarpone copy၂၀၀၁ ခုနှစ် ၁၀ လပိုင်းက ဧရာဝတီ ရတနာပုံတံတား စီမံကိန်းအတွက် မန္တလးခရိုင် အမရပူရမြို့နယ် ရွှေကြက်ယက်ကျေးရွာတောင်ပိုင်းက သက္ကယ်တော်၊ သပြေတန်း၊ ခဝါတော် စတဲ့ ကျေးရွာတွေက လယ်ယာမြေ လယ်ဧက ၅၀ကျော်  သိမ်းယူခဲ့ပါတယ်။ ၂၀၀၈ခုနှစ် ၄ လပိုင်းမှာတော့ စီမံကိန်းတွေ ပြီးစီးသွားပေမယ့် သိမ်းဆည်းခံ ပိုလျှံမြေတွေကို ပြန်လည်စွန့်လွှတ်ကြောင်း  ဆောက်လုပ်ရေး ဝန်ကြီးဌာန ဦးစိုးသိန်းက ပြီးခဲ့တဲ့ အောက်တိုဘာက ကြေညာခဲ့ပေမယ့် ခုချိန်ထိ တောင်သူတွေ လက်ထဲ ပြန်လည် မရောက်ရှိသေးတဲ့အတွက် ကြွေးကြော်သံ ၇ ချက်နဲ့ လူအင်အား ၂၀၀ နီးပါး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ မေလကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ မြေသိမ်းဆည်းခံတောင်သူတွေနဲ့ ဆောက်လုပ်ရေးအဖွဲ့ ညှိနှိုင်းဆွေးနွေးကြပြီး ၁ ဧကကို သိမ်း ၅၀ လျော်ကြေးပေးပေမယ့် တောင်သူတွေက ကာလပေါက်ဈေးမဟုတ်လို့ လက်မခံခဲ့ဘူးလို့ ပြောပါတယ်။ ၃ ကြိမ်တိုင် ဆွေးနွေးကြပေမယ့် ညှိနှိုင်းလို့ မရရှိခဲ့တဲ့အတွက် ခုလို ဒုတိယအကြိမ် ဆန္ဒပြတာလို့ ဆန္ဒပြတောင်သူ မမာလွင်က ပြောပါတယ်။ “မန္တလေးတိုင်း ဒေသကြီးကလည်း ချပေးတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဦးစိုးတင့်ကလည်း ချပေးပြီးသား။ သူတို့က ကျမတို့ကို ငွေနဲ့လာညှိတယ်။ ငွေကိုမယူနိင်ဘူး။ မြေကိုပဲပြောထားတာ။ ဟိုဘက်ဒီဘက် လက်ရှိရှိတဲ့ ၅ ဧက ၂ ဦးပေါင်း ၁၀ ဧက တိုင်းဒေသကြီးကလည်း ပြောထားတယ်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးစိုးတင့်ကလည်း ပြောထားတယ်။ ၉ ဧကနဲ့ ဒသမ ၄၆ ပြန်လည်ပေးအပ်မယ်လို့ ဆိုလိုထားတာ။ ယနေ့အချိန်ထိ ကျမတို့ဆီကို မကျလာသေးဘူး။ အဲ့တာကြောင့်မို့ ကျမတို့ကလည်း ဒုတိယတကြိမ်ဆန္ဒထုတ်ဖော်တာပါ။” သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိဖို့အတွက် လိုက်ပါကူညီ လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ ဒီမိုကရေစီစဉ်ရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့ဝင် ကိုစောလှအောင်က ပြောပါတယ်။ “ဟောဒီ ရတနာပုံ တံတားကြီးတည်ဆောက်တဲ့အခါမှာ တံတားစီမံကိန်းအတွက် လုပ်ဆောင်ဖို့ လယ်ယာမြေတွေနဲ့ ရွာ ၄ ရွာမြေတွေကို သိမ်းဆည်းခဲ့ပါတယ်။ အခုတံတား စီမံကိန်းပြီးတဲ့အခါမှာ နိင်ငံတော်နဲ့ တိုင်းဒေသကြီးအစိုးရက တံတားစီမံကိန်း ပိုလျှံမြေတွေကို ပြန်ပေးရမယ်ဆိုပြီးတော့ ဖြစ်သော်လည်းပဲ အောက်ခြေ ဆောက်လုပ်ရေး၊ မြို့နယ်ဆောက်လုပ်ရေးနဲ့  အောက်ခြေအာဏာပိုင်တွေ၊ အကျင့်ပျက်အာဏာပိုင်တွေ ပူးပေါင်းပြီးတော့ ပြန်ပေးရမယ်ဆိုတဲ့ စီမံကိန်းပိုလျှံမြေတွေကို ပြန်မပေးပဲနဲ့ ဒီကနေ့အထိ အဓမ္မ ဆက်လက် သိမ်းဆည်းထားလို့ ကာယကံရှင် လယ်ပိုင်ရှင်၊ ရွာပိုင်ရှင်၊ ရွာမြေပိုင်ရှင်တွေက ဒီကနေ့ ဒုတိယအကြိမ်မြောက် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ပါတယ်။” ဆန္ဒပြတောင်းဆိုလို့မရင် ဒီဇင်ဘာလကုန်အထိ စောင့်ကြည့်ပြီး မြေပိုင်ရှင်တွေကိုယ်တိုင်က တရားဝင်ပြန်လည်ယူဖို့ ကြိုးစားမယ်လို့လည်း ဆန္ဒပြပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up