A d v e r t i s e m e n t With Us

ဘိုင်ယန်က အော့စ်ဘတ်ကို ၄ ဂိုးပြတ်ဖြင့် အနိုင်ရ

ဒီဇင်ဘာ ၁၃ ရက်နေ့ညက ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အော့စ်ဘတ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ 17-FCAFCB_GET_131214.variant640x360ဘိုင်ယန်က ဒီပွဲမှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ ရော်ဘင်၊ ရီဘာရီတို့နဲ့ လူစုံထုတ် ယှဉ်ပြိင်သွားပါတယ်။ ဘိုင်ယန်က ပွဲစကတည်းက စိတ်ကြိုက် ဖိအားပေး ကစားသွားပြီး ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ထိုးဖောက် ကန်သွင့်ခွင့် အကြိမ်ရေလည်း ၂၆ ကြိမ်အထိ ရခဲ့ပြီး အော့စ်ဘတ်က ၆ ကြိမ်ပဲ ရခဲ့တာပါ။ အနိုင်ဂိုးတွေကို ဘီနာတီယာ၊ ရော်ဘင်နဲ့ လီဝန်းဒေါ့စကီးတို့က သွင်းယူပါတယ်။ ဒီပွဲမှာ တောင်ပံသမား ရော်ဘင် တဖက်နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ နိုင်ပွဲဆက်နေတဲ့ ဘိုင်ယန်က ၃၉  မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက ၀ု့စ်ဘာ့ကို ၁၀ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။ အော့စ်ဘတ်အသင်းကတော့ ၂၄ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up