အမေရိကန် ပြည်ထောင်စု နယူးယော့ခ်မှာ လူထောင်ပေါင်းများစွာဟာ မနေ့က စုရုံးပြီး လက်နက်မဲ့ လူမည်းတွေကို ရဲတွေက သတ်ဖြတ်နေတဲ့ ကိစ္စကို ဆန္ဒပြခဲ့ကြပြီး ကွန်ဂရက်အနေနဲ့ ရဲတွေရဲ့ အကြမ်းဖက်မှုကို တားဆီးပေးဖို့ တောင်းဆိုကြပါတယ်။
[caption id="attachment_73745" align="aligncenter" width="530"]

ဓာတ်ပုံ - အေပီ[/caption]
မစ်ဇူရီ ပြည်နယ်က မိုက်ကယ်ဘရောင်းအမှု၊ နယူယော့ခ်က အဲရစ် ဂန်နာ တို့ အမှုမှာ ဂျူရီအဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်ဟာ မျှတမှု မရှိဘူးလို့ လူမည်းအသိုင်းအ၀ိုင်းက ယူဆနေတာပါ။ ဒီဆန္ဒပြပွဲမှာ လူငယ်တွေ အများစု ပါဝင်ကြပြီး လူမျိုးပေါင်းစုံ ပါဝင်ပါတယ်။
လူမျိုးရေး ခွဲခြားတဲ့ ပြဿ နာ ကိုယ့်မျက်စိရှေ့မှာ ရှိနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူးလို့ ဆန္ဒပြသမားတယောက်က ပြောပါတယ်။
ရဲအဖွဲ့ရဲ့ တရားမဲ့ လုပ်ရပ်တွေဟာ တိုင်းပြည်ရဲ့ ပြဿ နာဖြစ်ပြီး ရပ်တန့်ဖို့ လိုတယ်လို့ ပြောပါတယ်။
လေ့လာသူတွေရဲ့ အဆိုအရ နယူးယော့ခ် ဆန္ဒပြပွဲမှာ လူ၁ သောင်းဝန်းကျင်ရှိပြီး ၀ါရှင်တန်နဲ့ ဘော့စတွန်မြို့တို့မှာလည်း လူရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။