Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာအလုပ်သမား ၁ ဦး အသားကြိတ်စက်ညှပ်မိ
DVB
·
December 14, 2014
ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုံဌာနီခရိုင် ထန်ပူရီမြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက မြန်မာအလုပ်သမား ၁ ဦး အသားကြိတ်စက်ညှပ်မိလို့ ဘယ်ဘက်လက်ချောင်း ၄ ချောင်း ပြတ်သွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 14184533211418453470lထန်ပူရီမြို့ သီလဖတ်ရန်းဆီဈေးထဲမှာ မတော်တဆထိခိုက်မှုရှိကြောင်း တိုင်ကြားချက်အရ ပထုံဌာနီလူမှု ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကြည့်ရှုရာမှာ အသားကြိတ်စက်ထဲ လက်ညှပ်မိလို့ အော်ဟစ်အကူ အညီတောင်းနေတဲ့ အသက် ၃၀ အရွယ် မြန်မာ အလုပ်သမား စောစိုးမင်းဆိုသူကို တွေ့ရှိရပြီး ရှေးဦးသူနာပြုစုကာ ပထုန်ဌာနီ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။ သူ့ရဲ့ အလုပ်ရှင် အသားဆိုင်ပိုင်ရှင် နန်းဆာခွန်းကလည်း အဲဒီမနက်ခင်းက သူဆိုင်သိမ်းနေစဉ်  မြန်မာအလုပ်သမားက အသားကြိတ်စက်ကို သန့်ရှင်းရေးလုပ်နေကြောင်း၊ အော်သံကြားလို့ ကြည့်လိုက်ရာမှာ အလုပ်သမားက  စက်ခလုတ်ကို မတော်တဆဖွင့်လိုက်မိတဲ့အတွက် လက်ကိုကြိတ်မိသွားတာလို့  သတင်းထောက်တွေကို ဖြည့်စွက်ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024