ဒီဇင်ဘာ ၁၃ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ နိုင်ပွဲကိုယ်စီ ရသွားပါတယ်။

ချဲလ်ဆီးက အိမ်ကွင်းမှာ ၁ ယောက် အနီကတ်ပြအထုတ်ခံရတဲ့ ဟာစီးတီးကို ဟာဇက်နဲ့ ကော်စတာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရသွားတာပါ။
ဒီပွဲနိုင်လို့ ချဲလ်ဆီးက ၃၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပါတယ်။
မန်စီးတီးကတော့ အဝေးကွင်းမှာ လက်ဆက်စတာအသင်းကို လမ်းပတ်ရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားတာပါ။ အခုဂိုးဟာ လမ်းပတ်အတွက် ပရီးမီးယားလိဂ်မှာ ၁၇၅ ဂိုးမြောက် ဂိုးကို သွင်းယူနိုင်တာ ဖြစ်ပါတယ်။
နိုင်ပွဲဆက်တဲ့ မန်စီးတီးက ၃၆ မှတ်နဲ့ ချဲလ်ဆီးရဲ့နောက် ၃ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်ကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အနိုင်ဂိုးတွေကို ဂျီရှုနဲ့ ကာဇိုလာက ၂ ဂိုးစီ သွင်းယူပေးတာပါ။
ဒီပွဲနိုင်လိုက်လို့ အာဆင်နယ်ဟာ ၂၆ မှတ်နဲ့ အဆင့် ၆ နေရာကို တက်လာပြီး အဆင့် ၃ နေရာက မန်ယူရဲ့ နောက် ၂ မှတ်အကွာကို ရောက်ရှိလာပါတယ်။