Home
မြန်မာသတင်း
မနောပွဲဆက်ကျင်းပမည်ဟု ကန့်ကွက်သူများကို ပြည်နယ် အစိုးရပြော
DVB
·
December 13, 2014
ကချင်ပြည်နယ်အစိုးရက ကျင်းပဖို့ စီစဉ်ထားတဲ့ မနောပွဲကို ဆက်ကျင်းပသွားမယ်လို့ ကန့်ကွက်တဲ့သူတွေနဲ့ တွေ့ဆုံရာမှာ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုတယ်လို့ ကန်ကွက်တဲ့သူတွေက ပြောပါတယ်။ Myitkyina-Burma-Kachin-pe-018ဇန်န၀ါရီ ၅-၁၁ နေ့ အထိ မြစ်ကြီးနားမှာ ကချင်ပြည်နယ်နေ့နဲ့အတူ မနောပွဲ ကျင်းပဖို့ အစိုးရက စီစဉ်နေပေမယ့် မနောပွဲကို မကျင်းပဖို့ လူ ၈၀၀၀ ကျော် လတ်မှတ်ရေးထိုးထားတဲ့ စာကို ပြည်နယ်ဝန်ကြီးချုပ်ထံ နိုဝင်ဘာ ၂၈ ရက်နေ့က ပေးပို့ခဲ့ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကန့်ကွက်တဲ့သူတွေကို ပြည်နယ် အစိုးရအဖွဲ့ မနောပွဲ ဖြစ်မြောက်ရေး အဖွဲ့တွေက တွေ့ဆုံခဲ့ပြီး မနောပွဲကို ဆက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း လတ်မှတ်ရေးထိုးရာမှာ ဦးဆောင် လှုပ်ရှားသူ ဦးဂွမ်ဂျာနော်က ပြောပါတယ်။ “သူတို့က ဆက်ပြီးကျင်းပမယ်လို့ ပြောပါတယ်၊ ဘာလိုလဲဆိုတော့ ဖိတ်စာတွေလည်း အားလုံးဝေပြီးပြီ၊ သံရုံးတွေလည်း အားလုံးဖိတ်ပြီးပြီနောက် ရပ်ဝေးက ဆွေးမျိုးတွေလို့ ပြောတာပဲ ဘယ်သူကို အတိအကျပြောမှန်းမသိပါဘူး၊ ဒါတွေကိုလည်း အားလုံး ဖိတ်ပြီးပြီး ပြောတယ်” လို့ ဦးဂွမ်ဂျာနော်က ပြောပါတယ်။ ဒီပြည်နယ်နေ့နဲ့ မနောပွဲကျင်းပတာဟာ ပြည်ထောင်စု အစိုးရက တိုက်တွန်းမှုမပါဘဲ ပြည်နယ်အစိုးရက ဦးစီးမှုအောက်မှာ ရှိတယ်ဆိုတဲ့အကြောင်း ပြောသွားတယ်လို့ သူက ပြောပါတယ်။ မနောပွဲကို ကန့်ကွက်တဲ့အကြောင်းနဲ့ အရင်က ပေးထားတဲ့အိတ်ဖွင့်ပေးစာပါ ကချင်ပြည်နယ်မှာ မတည်ငြိမ်တဲ့အတွက် မနောပွဲကျင်းပဖို့ မသင့်သေးတဲ့အကြောင်း တင်ပြခဲ့တယ်လို့ ဦးဂွမ်ဂျာနော်က ပြောပါတယ်။ ကချင်ပြည်နယ် မနောပွဲကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပြီး မြစ်ကြီးနားမှာ မနောပွဲကို ပြန်ကျင်းပနိုင်ဖို့ အတွက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024