A d v e r t i s e m e n t With Us

ပြန်ပေးဆွဲခံ လူငယ်များ ပြန်လွတ်လာဟု မြောက်ကိုရီးယားသတင်းဌာန ကြေညာ

သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
တောင်ကိုရီးယားထောက်လှမ်းရေးတွေရဲ့ ပြန်ပေးဆွဲခံရတဲ့ မြောက်ကိုရီးယားလူငယ်တွေ ပြီးခဲ့တဲ့မေလက ပြန်လွတ်လာခဲ့ကြတယ်လို့ မြောက်ကိုရီးယားသတင်းဌာန (ကေစီအန်အေ) က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ [caption id="attachment_73730" align="aligncenter" width="562"]သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[/caption] လူငယ်တွေ သတ်ဖြတ်ခံခဲ့ရတယ်၊ ဒါမှမဟုတ် ထိန်းသိမ်းခံထားရတဲ့ဆိုတဲ့ စွပ်စွဲချက်တွေကို မဟုတ်မှန်ကြောင်း ပြသဖို့ သတင်းစာရှင်းလင်းပွဲကို ကျင်းပရတာလို့လည်း မြောက်ကိုရီးယားသတင်းဌာနက ဆိုပါတယ်။ လူငယ်တွေ တရုတ်ပြည်ကို ထွက်ခွာခဲ့ချိန်မှာ သူတို့ရဲ့မိဘတွေ သတ်ဖြတ်ခံရတယ်၊ သူတို့လည်း မြောက်ကိုရီးယားကို ပြန်ရင် သတ်ဖြတ်ခံရမှာလို့ တောင်ကိုရီးယားအစိုးရက လိမ်ညာခဲ့တယ်လို့ လူငယ်တဦးက ပြောဆိုပါတယ်။ လူငယ်တွေ ဘာလို့မြောက်ကိုရီးယားနိုင်ငံက ထွက်ခွာခဲ့ကြလဲဆိုတာကိုတော့ အစိုးရသတင်းဌာနက မဖော်ပြပါဘူး။ ဒီဇင်ဘာ ၁၀ ရက်နေ့ မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ အမေရိကန်အထူးသံတမန်က မြောက်ကိုရီးယားက ထွက်ပြေးလာသူ ၂ ဦးကို အမေရိကန်နိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြောက်ကိုရီးယားနိုင်ငံကို ဆက်လက်ဖိအားပေးသွားမယ်လို့လည်း အမေရိကန်အထူးသံတမန်က သတိပေးပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up