A d v e r t i s e m e n t With Us

ပထမကမ္ဘာစစ် အပစ်ရပ်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ကျင်းပ

ကိုဆိုဗိုမှာရှိတဲ့ နေတိုး တပ်ဖွဲ့ ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးမစ်ရှင်အဖွဲ့ဟာ ပထမ ကမ္ဘာ့စစ်ကာလက အပစ်ရပ်စဲရေးကာလကို ပြန်အမှတ်ရတဲ့အနေနဲ့ ဘောလုံးပြိုင်ပွဲတခုကို ကျင်းပခဲ့ပါတယ်။ peace footballပထမ ကမ္ဘာစစ်ကာလတုန်းက အခုလို ခရစ္စမတ် ကာလမှာ အပစ်ရပ်စဲရေး သဘောတူညီချက်တခုရှိခဲ့တာကို ပြန်အမှတ်ရတဲ့ အနေနဲ့ ကျင်းပတာပါ။ ငြိမ်းချမ်းရေး အထိမ်းအမှတ် ဘောလုံးပွဲမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့မှာပါဝင်တဲ့  နိုင်ငံတွေအားလုံးက ပါဝင်ကစားခဲ့ကြပေမယ့် ဂျာမနီအသင်းနဲ့ မဟာမိတ်အသင်းဆိုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဂျာမန် ဘောလုံးအသင်းကို ဂျာမန်တပ်က ဒုဗိုလ်မှူးကြီးက ခေါင်းဆောင်ပြီး မဟာမိတ်ဘောလုံးအသင်းကိုလည်း ဗြိတိသျှတပ်က ဒုဗိုလ်မှူးကြီးတဦးက ခေါင်းဆောင်ပါတယ်။ တခေတ်တခါက ရန်သူတွေ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေဟာ မိတ်ဆွေတွေ ပြန်ဖြစ်နိုင်တယ်ဆိုတဲ့ ငြိမ်းချမ်းရေး သတင်းစကားကို ပါးချင်တာကြောင့် အခု ဘောလုံးပွဲကို ကျင်းပတာလို့ နှစ်ဖက်အသင်းရဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ ဘောလုံးပွဲဟာ ၄ ဂိုးစီ သရေ ကျသွားပါတယ်။ ငြိမ်းချမ်းရေး အထိမ်းအမှတ် ဘောလုံးပွဲကို ကိုဆိုဘိုမှာ ရှိတဲ့ ဗြိတိသျှ သံရုံးက စီစဉ်တာပါ။ တခေတ်တခါက ဘောလကန် ဒေသထဲက ရန်လိုခဲ့ဖူးတဲ့ နိုင်ငံတွေ ကြားမှာ ညီညွတ်နေကြပြီဆိုတာကို ပြသချင်တာကြောင့်လို့ ဆိုပါတယ်။ သမိုင်းမှာ ပထမ ကမ္ဘာစစ်ဟာ ၁၉၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၉၁၈ ခုနှစ်အထိ ကြာခဲ့ပါတယ်။ သမိုင်းမှာ အကြီးကျယ်ဆုံး အသေအပျောက်အများဆုံး စစ်ပွဲတွေထဲက တခုဖြစ်ခဲ့ပြီး တိုက်ခိုက်ရေးသမား ၉ သန်းနဲ့ အရပ်သား ၇ သန်း သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up