A d v e r t i s e m e n t With Us

သီရိလင်္ကာစစ်ဘက်လေယာဉ်တစီး ပျက်ကျ

သီရိလင်္ကာစစ်ဘက်လေယာဉ်တစီးဟာ မနေ့က ကိုလံဘိုမြို့အပြင်ဘက်မှာ ပျက်ကျခဲ့ပါတယ်။ 1418373373_566085_hirunews_flightလေယာဉ်နဲ့ လိုက်ပါခဲ့ကြတဲ့  လေတပ်စစ်မှုထမ်း ၅ ဦးမှာ ၄ ဦးသေဆုံးပြီး ၁ ဦးကတော့ လွတ်မြောက်ခဲ့ပါတယ်။ လွတ်မြောက်ခဲ့တဲ့ ၁ ဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ လေတပ်ပြောခွင့်ရကတော့ ရာသီဥတုဆိုးဝါးခဲ့ပြီး မြင်ကွင်းမကောင်းလို့ လေယာဉ်ပျက်ကျသွားတာလို့ ပြောဆိုပြီး လေယာဉ်မပျက်ကျခင် မြင်ကွင်းမကောင်းတဲ့အကြောင်းကို လေယာဉ်မှူးက အကြောင်းကြားခဲ့သေးတယ်လို့ ပြောဆိုပါတယ်။ ၂၀၀၉ ခုနှစ်က သီရိလင်္ကာစစ်လေယာဉ် နောက်ဆုံးပျက်ကျမှုဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းက ရုရှားလုပ် MI-24 တိုက်ခိုက်ရေးရဟတ်ယာဉ် လေ့ကျင့်ရင်းပျက်ကျခဲ့ပြီး လိုက်ပါသူ ၄ ဦး သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up