အာဆီယံခေါင်းဆောင်တို့၏ဇနီးများနှင့် ကေ့ပေါ့ပ်ကြယ်ပွင့် တွေ့ဆုံ

772
တောင်ကိုရီးယားမှာ ကျင်းပတဲ့ တောင်ကိုရီးယား အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ တောင်ကိုရီးယား သမ္မတရုံးက စီစဉ်ပေးတဲ့ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် တရပ်အနေနဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ဇနီးတွေဟာ နာမည်ကျော် ကေပေါ့ပ် ကြယ်ပွင့်နဲ့ တွေ့ဆုံပါတယ်။
သမ္မတရုံးအတွင်းဝန် ချို ယွန် ဆန်းနဲ့ အာရှတခွင်မှာ နာမည်ကျော်တဲ့ ကိုရီးယား အဆိုတော်နဲ့ သရုပ်ဆောင် ဂျန်ဂင်ဆော့က အာဆီယံ နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ဇနီးသည်တွေကို လက်ခံတွေ့ဆုံပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ ဇနီးတွေဟာ ဘူဆန်မြု့က ရုပ်ရှင်စင်တာ၊ ဘူဆန်အနုပညာ ပြတိုက်တို့ကို သွားရောက်လေ့လာခဲ့ပြီး အာဆီယံ နိုင်ငံတွေက ရိုးရာနဲ့ ခေတ်ပြိုင် အနုပညာတွေကို ခင်းကျင်းပြသထားတာကို ကြည့်ရူ့ခဲ့ကြပါတယ်။
၂၀၁၄ ခုနှစ်ဟာ အာဆီယံနဲ့ ကိုရီးယားတို့ သံတမန် ဆက်ဆံရေးထူထောင်ပြီး ထိပ်သီး ဆွေးနွေးပွဲကျင်းပလာတာ ငွေရတု နှစ် ဖြစ်ပါတယ်။
အာဆီယံဟာ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံဖြစ်ပြီး မနှစ်က အပြန်အလှန် ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၃၅ သန်း ရှိခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဆိုပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်း၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်တို့ ပါဝင်ပါတယ်။