မိချောင်းကန် မြေသိမ်းခံပြည်သူများ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ (ဓာတ်ပုံ)
ရန်ကုန် မိချောင်းကန်သပိတ်စခန်းက မြေသိမ်းခံပြည်သူတွေဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မနေ့ညက ဖယောင်းတိုင် မီးထွန်းပြီး ငြိမ်းချမ်းစွာ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။
မဟာဗန္ဓုလပန်ခြံဘေးမှာ သပိတ်စခန်းဖွင့်ထားတဲ့ ရက်ပေါင်း၂၆၀ကျော်ကြာတဲ့ အထိ အစိုးရက ညှိနှိုင်း ဖြေရှင်းမပေးဘဲ လျစ်လျူရှုထားတဲ့အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြောင်းရွှေ့ဆန္ဒပြတာဖြစ်ပါတယ်။
ဆန္ဒပြသမားတွေရှိတဲ့နေရာကို ရဲတွေ ရောက်မလာပေမယ့် မြို့တော်ခန်းမဝင်းအတွင်းမှာတော့ အဓိကရုဏ်းနှိမ်နင်းရေး ပစ္စည်းအပြည့်အစုံနဲ့ ရဲတွေ အသင့်ရှိနေတာကို တွေ့ရတယ်လို့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။
ဆန္ဒပြသမားတွေ မြို့တော်ခန်းမနားကို ရောက်လာတဲ့ အချိန်မှာ ရန်ကုန်မြို့တော်ခန်းမ အတွင်းက ဆူညံတဲ့ ဟစ်ဟော့သီချင်းတွေ ကျယ်ကျယ်လောင်လောင် ဖွင့်ထားတဲ့အတွက် ဆန္ဒပြသမားတွေက ပိုစတာတွေ ထောင်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
[gallery ids="73684,73685,73686,73687,73688,73689"]