အိန္ဒိယ လက်ဝှေ့မယ် ဆုတံဆိပ် ပြန်လက်ခံ

798
တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ စက်တင်ဘာလက ကျင်းပခဲ့တဲ့ အာရှ အားကစားပွဲတုန်းက ကြေးတံဆိပ်ဆုကို ငြင်းဆန်ခဲ့တဲ့ အိန္ဒိယ လက်ဝှေ့မယ် အယ်ဆာရီတာ ဒေ၀ီက ဆုကို ပြန်လက်ခံလိုက်ပါတယ်။
အဲဒီတုန်းက ဆီမီးဖိုင်နယ်ပွဲမှာ ကိုရီးယား လက်ဝှေ့မယ်နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး အရှုံုးကို လက်မခံဘဲ ကြေးတံဆိပ်ကို ငြင်းဆန်ခဲ့တာပါ။
အခုတော့ ဆုတံဆိပ်ကို ပြန်လက်ခံလိုက်ပြီလို့ အိန္ဒိယ အိုလံပစ်အဖွဲ့ အတွင်းရေးမှူး ရာဂျစ် မာတာက ပြောပါတယ်။
ကာယကံရှင်ဖြစ်တဲ့ အယ်ဆာရီတာ ဒေ၀ီကလည်း ကြေးဆုတဆိပ်ကိုပဲ စိတ်လှုပ်ရှားစွာနဲ့ လက်ခံလိုက်ပြီး နောင်နှစ်ကျတော့မှ ရွှေရဖို့ မျှော်မှန်းတယ်လို့ ပြောပါတယ်။
ဒါပေမယ့် အဲဒီပြဿ နာကြောင့် နိုင်ငံတကာ အပျော်တမ်း လက်ဝှေ့အဖွဲ့က သူ့ကို ပြိုင်ပွဲယှဉ်ပြိုင်ခွင့် နိုဝင်ဘာလတုန်းက ဆိုင်းငံ့ထားပါတယ်။
ဆုကို ပြန်လက်ခံလိုက်တဲ့ ဒေ၀ီက ပွဲပိတ်ခံထားရတဲ့ ကိစ္စကိုလည်း ၂၀၁၆ ဘရာဇီး အိုလံပစ် မတိုင်ခင်မှာ ပြန်ရုပ်သိမ်းသွားအောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။