A d v e r t i s e m e n t With Us

ဗုဒ္ဓဘား ဖမ်းဆီးခံ နယူးဇီလန်နိုင်ငံသားအမှုလိုက်ရန် ရှေ့နေများ ငြင်းပယ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာကြောင့် သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ နယူးဇီလန်နိုင်ငံသား Mr. Philip အတွက် ကမ်းလှမ်းခဲ့တဲ့ ရှေ့နေ ၄ ဦး အမှုလိုက်ဖို့ ငြင်းဆိုခဲ့ပါတယ်။ Untitled-1 copyဒီအမှုဟာ အရမ်းကို ထိခိုက်မခံတဲ့ ကိစ္စဖြစ်တာကြောင့် အခုလို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ ဖိလစ် မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ရန်ကုန်မှာ ရှိတဲ့ ထင်ရှားတဲ့ ရှေ့နေတဦးကို ချဉ်းကပ်ခဲ့ရာမှာ ကနဦးလက်ခံထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမှုကို လိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ သူက ပြောပါတယ်။ “ကြာသပတေးနေ့ ညမှာ အမှုလိုက်ဖို့ ရှေ့နေက သဘောတူခဲ့ပါတယ်၊ ဒါပေမယ့် သောကြာနေ့ မနက်မှာတော့ အရေးပေါ် တွေ့ဖို့ ခေါ်ပါတယ်။ အရမ်းကို ထိခိုက်လွယ်တဲ့ ကိစ္စဖြစ်တဲ့အတွက် မပါသင့်ဘူးလို့ ရဲက ပြောတဲ့အတွက် အမှုကို မလိုက်နိုင်တဲ့အကြောင်း သူက ပြောပါတယ်” လို့ ဖိလစ်မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။ ဒီမတိုင်ခင်ကလည်း ရှေ့နေ ၃ ဦးက အမှုလိုက်ဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အသက် ၃၂ နှစ် ဖိလစ်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပြီး တခြား ထိန်းသိမ်းထားတဲ့ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့နဲ့ သီးသန့် ထားထားသလို တဦးတယောက်နဲ့မှတွေ့ခွင့်မပေးဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်းမှာဖွင့်လှစ်ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲကြော်ငြာမှာ ဗုဒ္ဓရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ်တပ်ဆင်ထားတဲ့သဏ္ဌာန်ဒီဇိုင်းပြုလုပ်ပြီး ပါတီပွဲကြော်ငြာတဲ့အတွက်  သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up