A d v e r t i s e m e n t With Us

ဖေ့ဘွတ်ပို့စ်များတွင် မကြိုက်နှစ်သက်ကြောင်း သင်္ကေတ ထည့်ရန် စဉ်းစား

အင်တာနက် လူမှုရေးကွန်ယက် ဖေ့ဘွတ်ရဲ့ပိုစ်တွေမှာ မကြိုက်နှစ်သက်ကြောင်း သင်္ကေတ ထည့်ဖို့ စဉ်းစားနေတယ်လို့ တည်ထောင်သူ မတ်ဇူကာဘတ်က ပြောပါတယ်။ ကယ်လီဖိုးနီးယားမှာ အမေးအဖြေပြုလုပ်စဉ်အတွင်း အခုလို ပြောဆိုလိုက်တာ ဖြစ်ပြီး အသုံးပြုသူတွေဆီကနေ ဒီအမှတ်အသားကို ထည့်ပေးဖို့ တောင်းဆိုမှု အများဆုံး ဖြစ်တယ်လို့လည်း ပြောပါတယ်။ _78036169_163513138"ဘ၀မှာ ကြေကွဲစရာတွေကိုလည်း  ဖေ့ဘွတ်ကနေတဆင့် လူတွေက မျှဝေနေပါတယ်။ ဒါဟာသင့်တော်တဲ့ အရာမဟုတ်တဲ့အတွက် ကြိုက်တယ်ဆိုတဲ့ သင်္ကေတကိုနှိပ်ရတာ သက်တောင့်သက်သာ မဖြစ်ဘူးလို့ လူအများစုက ခဏခဏ ပြောပါတယ်၊ ဒါဟာ မကောင်းဘူးဆိုတာကို ပြချင်လို့ တချို့က မကြိုက်ဘူးဆိုတဲ့ သင်္ကေတကို တောင်းဆိုနေတာပါ ” လို့ မတ်ဇူကာဘိုက်က ပြောပါတယ်။ လူတွေတင်ထားတဲ့ ပိုစ်တွေကို သိက္ခာချ နှိမ်တာမျိုးမဖြစ်စေတဲ့ နည်းလမ်းကို စဉ်းစားနေတယ်လို့ ဇူကာဘတ်က ပြောပါတယ်။ နေစဉ် လူပေါင်း ၄.၅ ဘီလီယံတို့က ကြိုက်နှစ်သက်တယ်ဆိုတဲ့ သင်္ကေတကို နှိပ်နေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up