စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ အယ်မီရီယာ အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီးတော့ ပွဲ ၂၀ မြောက်ဆက်တိုက်နိုင်တဲ့ စံချိန်ကို တင်ထားနိုင်ပြီ ဖြစ်ပါတယ်။
စပိန်မှာ ဘာစီလိုနာ တင်ထားတဲ့ ၁၈ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ကတည်းက ရီးရဲလ်ဟာ နိုင်ပွဲဆက်ခဲ့တာ ဖြစ်သလို ဒီပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုကလည်း ၂ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါအပြင် ဂရက်ဘေလ်းနဲ့ အစ္စကိုတို့ကလည်း တဂိုးစီသွင်းယူပေးခဲ့ပါတယ်။
နောက်ထပ် ၅ ပွဲဆက်အနိုင်ရမယ်ဆိုရင်တော့ ဘရာဇီးကလပ် ကော်ရီတီဗာ ချိုးထားတဲ့ ၂၄ ပွဲဆက်အနိုင်ကို ကျော်ဖြတ်ပြီး ကမ္ဘာစံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။