A d v e r t i s e m e n t With Us

ထိုင်း အိမ်ရှေ့မင်းသား ကြင်ယာတော် တော်ဝင်ဘွဲ့စွန်

ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော် သီရိရတ်ဆမီက တော်ဝင်ဘွဲကို စွန့်လွှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့လက သူရဲ့အမျိုးအနွယ်တွေ အကျင့်ပျက်ခြစားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာအပြီး အခုလို စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။ princess143eတော်ဝင်ဂဇက်ရဲ့ ထုတ်ပြန်ချက်အရ မင်းသမီးက တော်ဝင်ဘွဲ့ကို စွန့်ဖို့အတွက် တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ထုတ်ပြန်ချက်မှာတော့ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပေမယ့် ထိုင်း ဘုရင်ကြီး ဘူမိဘော အဒူလ်ယာဒက်က တောင်းဆိုချက်ကို အတည်ပြုလိုက်တယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။ ၂၀၀၁ ခုနှစ်မှာ သီရိရတ်ဆမီနဲ့ အိမ်ရှေ့မင်းသား မဟာ ဗာဂျီရာ လောင်ကွန်တို့ လက်ထပ်ခဲ့ပြီး ၉ နှစ်အရွယ် သားတဦး ထွန်းကားခဲ့ပါတယ်။ အရင်လက ထိုင်းအိမ်ရှေ့မင်းသားက သူ့ကြင်ယာတော်ရဲ့ နာမည်နောက်မှာ တော်ဝင်မိသားစုနာမည် ထည့်သွင်း သုံးစွဲတာကို ရုပ်သိမ်းလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up