အမေရိကန်ပြည်ထောင်စု ဗဟိုထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) ရဲ့ ရက်စက်မှုတွေကို ကုလသမဂ္ဂက အရေးမယူရင် လုံခြုံရေးကောင်စီက အမေရိကန်ရဲ့ ထင်ရာကြဲ လုပ်ရပ်အတွက် လက်ကိုင်တုတ်တခုဖြစ်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ပြောဆိုလိုက်ပါတယ်။
[caption id="attachment_73642" align="aligncenter" width="547"]

ကျူးဘား ကွာတာမိုလာ ပင်လယ်အော် ရေတပ်အခြေစိုက် အိပ်ခ်ျရေလ်း အကျဉ်းစခန်း သတ်မှတ်နေရာတွင် ထိုင်နေသော အကျဉ်းသားများကို စောင့်ကြည့်နေသည့် အမေရိကန်တပ်ဖွဲ့ဝင်အချို့[/caption]
စီအိုင်အေက အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့သူတွေ အပေါ် ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်လွှတ်တော်က အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ အပေါ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
လူမဆန်တဲ့ နှိပ်စက်တဲ့နည်းလမ်းတွေကို အသုံးပြုခဲ့တဲ့ အမေရိကန် လုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို လုံခြုံရေးကောင်စီရဲ့ ယုံကြည်စိတ်ချရမှုကို အဓိက စမ်းသပ်မှု တခု ဖြစ်တယ်လို့ ကင်ဂျုံအန်းက ပြောပါတယ်။
“တကယ်လို့ လုံခြုံရေး ကောင်စီက လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးချင်တယ်ဆိုရင်တော့ အမေရိကန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ လူအခွင့်အရေး မတော်မတရားမှုတွေကိုလည်း သံသယမေးခွန်းတွေထုတ်ရမယ်” လို့ သူက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ အခွင့်အရေး မှတ်တမ်းတွေကို ဆွေးနွေးနေပေမယ့် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံရဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်စိမှိတ်ထားတယ်လို့ သူက ပြောပါတယ်။
လုံခြုံရေး ကောင်စီကလည်း ဒီလအတွင်း မြောက်ကိုရီးယားရဲ့ အခွင့်အရေး မှတ်တမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိနေပါတယ်။