A d v e r t i s e m e n t With Us

နိရဉ္စရာ ရခိုင် သတင်းဂျာနယ်ပြည်တွင်းတွင် စတင်ဖြန့်ချိ

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့သတင်းတွေကို ဦးစားပေးတင်ပြထားတဲ့ ပြည်ပ အခြေစိုက် နိရဉ္စရာ ရခိုင်သတင်းဂျာနယ်ကို ပြည်တွင်းမှာ ဒီနေ့ စတင်ဖြန့်ချိလိုက်ပါတယ်။ Narinjara-Vol-1-No-1-Design-Cover copyရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ သိစေချင်တဲ့အတွက် ထုတ်ဝေရတာလို့ ဂျာနယ် အယ်ဒီတာချုပ်  ဦးခိုင်မြတ်ကျော်က ပြောပါတယ်။ “ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဂျာနယ်တွေ၊ သတင်းစာတွေက တအားကို အားနည်းတယ်လေ၊ ထုတ်တဲ့သူတွေ ထုတ်လေ့ရှိတာပေါ့။ ဒါပေမယ့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူးလေ။ အဲဒီတော့ ကျနော်တို့ ရခိုင်ဒေသမှာ ရှိတဲ့ လူထုတွေကို သတင်းတွေ ကျနော်တို့ သိစေချင်တာပေါ့ဗျာ။ ရခိုင်ပြည်နယ်က လူတွေအကုန်လုံးကို တောရောမြို့ရော အကုန်လုံး သတင်းတွေကို သိစေချင်တယ်၊ ဖတ်စေချင်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ဒီဂျာနယ်ကို ထုတ်ဖြစ်တာပေါ့။” မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ စာမျက်နှာ ၃၆ ပါ ဒီဂျာနယ်ကို လက်ရှိမှာတော့ ရန်ကုန်နဲ့ ရခိုင်ပြည်နယ် အတွင်းမှာ စောင်ရေ ၅၀၀၀ နဲ့  တလ ၂ ကြိမ် ထုတ်ဝေသွားမှာ ဖြစ်သလို နောက်ပိုင်း မှာတော့ တပတ်တကြိမ် ထုတ်ဝေသွားဖို့ ရှိနေတာပါ။ ဒီကနေ့ထုတ်ဝေတဲ့ ဂျာနယ်ကို အလိုတော်ပြည့်ကျောင်းကို လာရောက်တဲ့ ဒေါ်အောင်ဆန်း စုကြည်ကို စတင်ပေးခဲ့ပြီး စိတ်ဝင်တစားနဲ့ ၅ စောင် ယူသွားတယ်လို့ ဦးခိုင်မြတ်ကျော်က  ပြောပါတယ်။ ၂၀၁၄ ဇန်န၀ါရီမှာ  ဂျာနယ်အတွက် မှတ်ပုံတင် လျှောက်ထားခဲ့တာကို နည်းဥပဒေ မထွက်သေးတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ချပေးဖို့ ငြင်းဆိုခဲ့ပြီး  အောက်တိုဘာလ နည်းဥပဒေထွက်လာတဲ့အချိန် ပြန်လည်လျှောက်ထားခဲ့ရာမှာတော့ နိုဝင်ဘာလမှာ မှတ်ပုံ တင်ချပေးခဲ့တာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက နေရဉ္စရာ သတင်းဌာနကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ထူထောင်ခဲ့ပြီး ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့သတင်းတွေကို အင်တာနက် ၀က်ဆိုက်ကနေ အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ဖြန့်ချိပေးနေတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up