စီအိုင်အေ စစ်ကြောရေးနှင့်ပတ်သက်ပြီး ညွှန်မှူး ကာကွယ်ပြောဆို

စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန် ဘရန်နန်
1.5K
အမေရိကန်လွှတ်တော်ရဲ့ စီအိုင်အေအပေါ် စစ်တမ်း ထွက်ပေါ်လာပြီးနောက် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန် ဘရန်နန်က စွပ်စွဲမှုတွေကို ကာကွယ်ပြောဆိုသွားပါတယ်။
[caption id="attachment_73622" align="alignleft" width="299"]
စီအိုင်အေ ညွှန်ကြားရေးမှူး ဂျွန် ဘရန်နန်[/caption]
အကြမ်းဖက်တွေဆိုပြီး တချို့စီအိုင်အေ၀န်ထမ်းတွေ ခွင့်ပြုထားတာထက် ကျော်လွန်ပြီး စစ်ကြောခဲ့တာကို ဘရန်နန်က ၀န်ခံခဲ့ပေမယ့် အဲ့ဒီကာလတွေတုန်းက အခြေအနေအရ ရွေးချယ်စရာ သိပ်မရှိခဲ့ဘူးလို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ရက်စက်နည်းအမျိုးမျိုးနဲ့ စစ်ကြောခဲ့ပေမယ့်လည်း အမေရိကန်နိုင်ငံအတွက် အကျိုးမရှိခဲ့ဘူးလို့ စီအိုင်အေစစ်တမ်းမှာ ဖော်ပြခဲ့တာပါ။
ရက်စက်တဲ့ စစ်ကြောနည်းတွေ သုံးခဲ့တယ်၊ အဲ့လို သုံးစွဲခဲ့တာကိုလည်း အမေရိကန်လွှတ်တော်ကို မှန်မှန်ကန်ကန် အသိမပေးခဲ့ဘူးဆိုပြီး စီအိုင်အေကို အမေရိကန်လွှတ်တော်က ပြစ်တင်ခဲ့ပါတယ်။
၂၀၀၁ စက်တင်ဘာတိုက်ခိုက်ခံရအပြီး ရက်ရက်စက်စက်စစ်ကြောမှုတွေကို အဲ့ဒီကာလက အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘုရှ် အစိုးရက တရားဝင်ခွင့်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဂျော့ဒဗလျူ ဘုရှ် ကတော့ အဲ့ဒီစွပ်စွဲမှုနဲ့ ပတ်သက်ပြီး အခုအချိန်အထိ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
အဲ့ဒီစစ်ကြောမှုတွေဟာ အမေရိကန်နိုင်ငံ လုံခြုံရေးအတွက် အကျိုးမရှိခဲ့ဘူးဆိုတဲ့ စွဲချက်ကိုတော့ စီအိုင်အေ ညွှန်မှူးက ငြင်းဆန်ပါတယ်။
အဲ့ဒီအချိန်က ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာကို မသိခဲ့ရပေမယ့် အဲ့ဒီစစ်ကြောမှုတွေက ရတဲ့အချက်အလက်တွေနဲ့ အိုစမာဘင်လာဒင်ကို ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့တယ်လို့ ဘရန်နန်က ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံ အကြမ်းဖက်တိုက်ခိုက်ခံရချိန်မျိုးမှာ အမေရိကန်အစိုးရက ခိုင်းရင် စီအိုင်အေက လုပ်ရတယ်လို့လည်း ဘရန်နန် က ကာကွယ်ပြောဆိုပါခဲ့ပါတယ်။
လွှတ်တော်အစီရင်ခံစာ ထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး ထောက်လှမ်းရေး အချက်အလက်တွေကို မျှဝေသုံးစွဲနေတဲ့ အမေရိကန်ရဲ့ မဟာမိတ် အတော်များများက စိုးရိမ်ခဲ့ကြတယ်လို့ ဘရန်နန်က ပြောပါတယ်။
ကျနော်တို့ အာဏာပိုင်တွေရဲ့ လက်အောက်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ လုပ်ခဲ့တာတွေ ရှိတယ်။ ဒါမျိုးတွေ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်နေခဲ့တဲ့ ဘက်ပြောင်းမှုတွေ ရှိတယ်လို့ ဘရန်နန်က ပြောခဲ့ပါတယ်။