အသံဆူဆူညံညံဖြစ်စေတဲ့ပါဝါ အိတ်ဇောတပ် ပြိုင်ကားတွေ ဖမ်းဆီးရရှိမှု ဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့ထိ အစီး ၇၀ ကျော် ရှိသွားပြီလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်အ စည်းအဝေး မှာ ပြောဆိုလိုက် တာပါ။
ဖမ်းဆီးထားတဲ့ ပါဝါအိတ်ဇောတပ် ပြိုင်ကားတွေ ကို မော်တော်ယဉ် ဥပဒေအရ အရေးယူပြီးပါ က ပြန် ထုတ်ပေးမှာဖြစ်ပြီး ပါဝါ အိတ်ဇောတွေကိုတော့ ပြန်ဖြုတ်ပြီးမှ စီးနင်းခွင့်ပြုမယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့တွင်း ပြိုင်ကားနဲ့ ပါဝါအိပ်ဇောတပ်ကားတွေ ဆူညံစွာ စည်းကမ်းမဲ့ မောင်းနှင်မှုတွေကို ရဲတပ်ဖွဲ့က စီမံချက်ချမှတ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့က စတင်စစ်ဆေးမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။
စစ်ဆေးဖမ်းဆီးရေး ဂိတ်တွေကို ကုက္ကိုင်းလမ်းဆုံ၊ ဝေဇန္တယာလမ်းဆုံ၊ ၈မိုင် လမ်းဆုံနဲ့ စော်ဘွားကြီးကုန်း လမ်းဆုံတွေမှာ ထားရှိပါတယ်။
ညစဉ် ၉ နာရီကနေ မနက် ၂နာရီအထိ စစ်ဆေး ဖမ်းဆီးမှုတွေပြုလုပ်နေပြီး လိုအပ်သလို နေရာပြောင်းရွှေ့ဖမ်းဆီးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။