A d v e r t i s e m e n t With Us

တရုတ်တွင် မီးရှူးမီးပန်းသယ်ကား အပါအ၀င် အစီး ၂၀ ကျော် တိုက်မှုဖြစ်ပြီး မီးလောင်

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက လျောင်နင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က မီးရှုးမီးပန်းတွေ သယ်လာတဲ့ ကားတစီးအပါအဝင် ကားအစီး ၂၀ ကျော် အဝေးပြေး လမ်းမကြီးပေါ်မှာ ဆင့်တိုက်ခဲ့လို့ အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ chinese car assidentကားတွေဟာ ကျင့်ကျိုးမြို့နားက နှင်းဖုံးအဝေးပြေးလမ်းပိုင်းမှာ လမ်းချော်ပြီး တိုက်မိ ကုန်ကြတာပါ။ တိုက်မိမှုကြောင့် ကုန်ကားတစီးပေါ်က မီးရှုးမီးပန်းတွေ မီးပွင့် လောင်ကျွမ်းခဲ့တာပါ။ ကုန်ကားမောင်းသူရဲ့ သတိပေးချက်ကြောင့် အနားက ကားမောင်းသူတွေလည်း သူတို့ကားတွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် မီးသတ်သမားတွေက မီးငြိမ်းသတ်အပြီး အပျက်စီးတွေ ရှင်းလင်းဖို့ ကားလမ်းပိုင်းကို ညနေ ၅ နာရီဝန်းကျင်မှာ ပိတ်ခဲ့ရပါတယ်။ နှင်းဖုံးရာသီဥတုကြောင့် ရေသယ်ဖို့ ခက်ကြောင်း၊ မီးက ပြန်လောင်နိုင်သေးတယ်လို့ မီးသတ်သမား လျူဟိုင်တောင်က ပြောပါတယ်။ သေဆုံးမှုအတွက် အစီရင်ခံမှုတော့ မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up