A d v e r t i s e m e n t With Us

လေဆာလက်နက် ပထမဆုံးအကြိမ် အမေရိကန် စမ်းသပ်ပစ်ခတ်

အမေရိကန်ရေတပ်ဟာ စမ်းသပ်လေ့လာနေဆဲ လေဆာလက်နက်ကို သင်္ဘောပေါ်က နေ ပထမဆုံးအကြိမ် စမ်းသပ် ပစ်ခတ်ပါတယ်။ the-us-navy-successfully-tested-a-40-million-laser-weapon-in-the-persian-gulfပစ်မှတ်ကို ဖျက်ဆီးဖို့ ကျစ်လျစ်တဲ့ အနီအောက်ရောင်ခြည် စွမ်းအင် ရောင်စဉ်တန်း အသုံးချတဲ့လက်နက်ကို ပြီးခဲ့တဲ့လတွေက ပါရှန်းပင်လယ်ကွေ့မှာ ရှိတဲ့ ယူအက်စ်အက်စ်ပွန်စီ လေယာဉ် တင်စစ်သင်္ဘောပေါ်မှာ စမ်းသပ်နေခဲ့တာပါ။ ဒီစနစ်ဟာ အပြစ်အနာအဆာမရှိ စင်းလုံးချော အလုပ်လုပ်ခဲ့တယ်လို့ ရေ တပ်သုတေသန ရုံးက ဆိုပါတယ်။ သင်္ဘောဆီကို ဦးတည်ပြီး အပြင်းမောင်းလာတဲ့ လှေငယ်ပေါ်က ပစ်မှတ်တွေကို ဒီစနစ်က ထိမှန်ခဲ့ပါတယ်။ နောက်ထပ် သီးခြားစမ်းသပ်မှုအရ လေဆာလက်နက်ဟာ ကောင်းကင်ပြင်က မောင်းသူမဲ့ ဒရုံးမ်လေယာဉ်ကို ပစ်မှတ်ထား ပစ်ခတ်ခဲ့ပါတယ်။ အမေရိကန်ရေတပ်က လေဆာလက်နက်တွေဟာ အနာဂတ်မှာ သူတို့ရဲ့ ရေယာဉ်အုပ်တွေကို လှေငယ်တွေ၊ ဒုံးကျည်တွေ၊ ဒရုံးယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ရာမှာ အချက်အချာဖြစ်လာမယ်လို့ ပြောပါတယ်။ ၂၀၂၀ ပြည့်လွန်နှစ်တွေ အစောပိုင်းမှာ တိုက်ခိုက်ရေးအသင့်ဖြစ်နေတဲ့ လေဆာလက်နက် တွေကို သုံးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up