A d v e r t i s e m e n t With Us

မန်စီးတီးအသင်းတွင် ကစားသမားဘ၀ အဆုံးသတ်ချင်ဟု ဂျိုဟတ်ပြော

မန်စီးတီး ဂိုးသမား ဂျိုးဟတ်က လက်ကျန် ကစားသမားဘ၀ကို မန်စီးတီးမှာပဲ အဆုံးသတ်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ Hart-1200အသက် ၂၇ နှစ်အရွယ် ဂျိုးဟတ်က အသင်းနဲ့ စာချုပ်သက်တမ်းတိုး ချုပ်ဆိုဖို့ ဆွေးနွေးနေချိန်မှာ ခုလို ပြောဆိုလိုက်တာပါ။ အသင်းကလည်း ဂိုးသမားကို ၅ နှစ် စာချုပ် သက်တမ်း ထပ်တိုးနိုင်ဖွယ် ရှိနေပါတယ်။ “မန်စီးတီးနဲ့ ပက်သက်တဲ့ အရာရာကို ကျနော် နှစ်သက်ပါတယ်။ အသင်း မှာ နေလာတာကြာတော့ ကိုယ့်အိမ်လိုပဲ ခံစားရပါတယ်” လို့ အင်္ဂလန် ဂိုးသမားက ပြောဆိုထားပါတယ်။ သတင်းတွေမှာတော့ မန်စီးတီးက ဂျိုဟတ်ကို တပတ် ပေါင် ၁ သိန်း ၂ သောင်းပေးပြီး စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေပါတယ်။ ဂျိုးဟတ်ကို မန်စီးတီးက ၂၀၀၆ ခုနှစ်မှာ Shrewsbury အသင်းကနေ ပေါင် ၆ သိန်းနဲ့ ၀ယ်ယူထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up