A d v e r t i s e m e n t With Us

အမေရိကန်သမိုင်းတွင် အကြီးဆုံးဒေ၀ါလီခံခဲ့ရသည့်မြို့ အကြွေးပြန်ဆပ်နိုင်တော့မည်

အမေရိကန်သမိုင်းမှာ အကြီးဆုံး ဒေ၀ါလီခံရတဲ့မြို့ကြီးအဖြစ် ကြေညာခဲ့ရတဲ့ ဒက်ထရွိုက် (Detroit) မြို့ဟာ အခုတော့ အကြွေးတွေကို ပြန်ဆပ်နိုင်တော့မှာ ဖြစ်လို့ ဒေ၀ါလီခံမြို့အဖြစ်ကနေ လွတ်မြောက်တော့မယ်လို့ မြို့တော်အာဏာပိုင်တွေက ကြေညာပါတယ်။ 635510953026850283-IMG-DFP-Plan-ruling-prev-1-1-KD929B5K-L513650007တချိန်က အမေရိကန်နိုင်ငံရဲ့ စက်မှုမြို့တော် ဖြစ်ခဲ့တဲ့ ဒက်ထရွိုက်မြို့ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ အကြွေးတင်ခဲ့ပြီး ဒေ၀ါ လီခံမြို့ကြီး အဖြစ် ကြေညာခဲ့ရတာပါ။ ဒါပေမယ့် မြို့တော်ဘဏ္ဍာရေး အခြေအနေကို ပြင်ဆင်နိုင်ခဲ့ပြီး လမ်းကြောင်း မှန်ပေါ် ပြန်ရောက်လာပြီလို့ မြို့တော် အရေးပေါ်ကယ်ဆယ်ရေးမန်နေဂျာ ကီးဗ် အွတ် (Kevyn Orr)က ကြေညာခဲ့တာပါ။ ဒါပေမယ့် ရှေ့ဆက် လုပ်ကိုင်စရာတွေကတော့ အများကြီး ကျန်သေး တယ်လို့လည်း ပြောဆိုပါတယ်။ အခုတော့ မြို့တော်နေ ပြည်သူတွေအတွက် အခြေခံဝန်ဆောင်မှုတွေကို ပြန်လည်ရရှိတော့မယ်လို့ ပြောဆိုပါတယ်။ ဒက်ထရွိုက်မြို့တော်က အငြိမ်းစားတွေ ပင်စင်ငွေတွေ ဖြတ်ခံထားရပြီး မြို့တော်ရဲ့ အထင်ကရ အနုပညာဌာနနဲ့ ဟော့ကီအားကစားကွင်းကိုလည်း စီးပွားဖြစ်ပြောင်းလဲ လုပ်ကိုင်ကြတော့မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up