A d v e r t i s e m e n t With Us

ဗီယက်နမ်ကို အနိုင်ယူပြီး မလေးရှား ဆူဇူကီးဗိုလ်လုပွဲ တက်ရောက်

ဒီဇင်ဘာ ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာစီယံ ဆူဇူကီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မလေးရှားက အဝေးကွင်းမှာ ဗီယက်နမ်ကို ၄ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားပါတယ်။ 111214cမလေးရှားအသင်းက နှစ်ပွဲပေါင်းရလဒ် ၅ ဂိုး ၄ ဂိုးနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။ ဆီမီးဖိုင်နယ် ပထမအကျော့မှာတုန်း မလေးရှားက အိမ်ကွင်းမှာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးထားတာပါ။ ဗီယက်နမ်အတွက် အိမ်ကွင်း ပရိသတ် ၄ သောင်းရှေ့မှာ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားတာ ဖြစ်ပါတယ်။ မလေးရှား နည်းပြ ဒိုလက် Dollah Salleh ကတော့ ရတဲ့ အခွင့်အရေး ၄ ကြိမ်မှာ ၄ ဂိုး သွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။ “ဒီပွဲမှာ ကျနော်တို့အသင်း ကစားပုံက တော်တော်ညံ့ပြီး ပထမပိုင်းမှာ တိုက်စစ် အရှိန်ကို မတင်နိုင်ခဲ့ဘူး” လို့ ဗီယက်နမ်နည်းပြက ပြောဆိုသွားပါတယ်။ မလေးရှားအသင်းဟာ ပထမအကျော့ ဗိုလ်လုပွဲကို ထိုင်းအသင်းနဲ့ ဘန်ကောက်မှာ ဒီဇင်ဘာ ၁၇ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up