A d v e r t i s e m e n t With Us

ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း

နောက်ဆုံးလက်ကျန် ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က ဟောင်ကောင်အာဏာပိုင်တွေ စတင်ဝင်ရောက်ရှင်းလင်းခဲ့ကြပါတယ်။ _79655921_025073091-1ရဲတွေရဲ့ အနီးကပ်စောင့်ကြည့်မှုနဲ့ ရှင်းလင်းရေးအလုပ်သမားတွေက အမာရာတီ နယ်မြေက Admiralty ဆန္ဒပြစခန်းကို ၂ နေရာကနေ ၀င်ရောက်ရှင်းလင်းခဲ့ကြတာပါ။ ၀င်ရောက် ရှင်းလင်းတော့မယ့်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ဖယ်ရှားပေးဖို့ သတိပေးချက်ဖတ်ကြားခဲ့ပါတယ်။ အစပိုင်း အခုအခံ နည်းနည်းရှိခဲ့တာကလွဲလို့ ထိပ်တိုက်တွေ့မှုတွေ သိပ်မရှိခဲ့ပေ။ ရဲအင်အား ၇ ထောင်ကျော်က သုံးခဲ့ပြီး ရှင်းလင်းရေးကို နှောင့်ယှက်တားဆီးသူ၊ ဆက်ဆန္ဒပြနေသူတွေအားလုံးကို ဖမ်းဆီးမယ်လို့ ရဲမှူး Kwok Pak-chung က ဆန္ဒပြကျောင်းသားတွေကို သတိပေးထားပါတယ်။ နောက်ဆုံးအချိန်အထိ ရဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ့် ဆန္ဒပြကျောင်းသား တချို့ လည်း ရှိခဲ့ပါတယ်။ အခုလို ရဲအင်အားသုံးပြီး ဟောင်ကောင်ဆန္ဒပြပွဲတွေကို ရှင်းလို့ရမှာဖြစ်ပေမယ့် ဟောင်ကောင် နိုင်ငံရေးပြဿနာကို ရှင်းလို့ မရကြောင်း အကျော်ကြားဆုံး ဟောင်ကောင်ဆန္ဒပြကျောင်းသားခေါင်းဆောင် Joshua Wong က ပြောဆိုခဲ့ပါတယ်။ ဒီရှင်းလင်းမှုကို အထင်ကရပညာရှင်အယောက် ၃၀ ပါ အဖွဲ့တဖွဲ့၊ လွတ်လပ်တဲ့ ဟောင်ကောင်ရဲစောင့်ကြည့်ရေးအဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အနီးကပ်စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ ဟောင်ကောင်မြို့လယ်ကို ၇၅ ရက်ကြာ သိမ်းပိုက်ဆန္ဒပြပွဲတွေဟာ ၁၉၈၉ တရုတ်ဒီမိုကရေစီဆန္ဒပြပွဲတွေနောက်ပိုင်း တရုတ်အစိုးရကို ထိပ်တိုက်စိန်ခေါ်မှုအရှိဆုံး ဆန္ဒပြပွဲတွေဖြစ်လာပါတယ်။ ၂ လခွဲကြာ ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၆၅၅ ဦး ဖမ်းဆီးခဲ့ရတယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ကြေညာပါတယ်။ ရဲလုံခြုံရေး ၁၂၉ ဦး ဒဏ်ရာရရှိတယ်လို့ ရဲက ကြေညာပေမယ့် ဆန္ဒပြသူ ဘယ်နှဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတာကိုတော့ ရဲက ထုတ်ဖော်မပြောခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up