ပွဲ ၂၀ ဆက် နိုင်ပွဲစံချိန်တင်ရန် ရီးရဲလ်မက်ဒရစ် မျှော်လင့်နေ

691
ရီရဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါ ပွဲစဉ်မှာ ပွဲပေါင်း ၂၀ ဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို တင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ရီရဲလ်ဟာ ဒီည စပိန်လာလီဂါပွဲစဉ် အဝေးကွင်းမှာ အယ်မီရီယားနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
နည်းပြအန်စလောတီက အယ်မီရီယားကို အနိုင်ယူပြီး ပွဲ ၂၀ ဆက်တိုက် အနိုင်ရတဲ့ စံချိန်နဲ့ ၂၀၁၄ ခုနှစ်ကို အဆုံးသတ်ချင်ကြောင်း ပြောဆိုထားပါတယ်။
ဘာစီလိုနာကအသင်းက ၂၀၀၅၊ ၂၀၀၆ ရာသီမှာ ၁၈ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကို တင်ထားပါတယ်။
ရီရဲလ်ဟာ လောလောဆယ်မှာ ၃၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဘာစီလိုနာက ၃၄ မှတ်နဲ့ ဒုတိယနေရာကနေ ကပ်လိုက်ဖိအားပေးနေပါတယ်။
နည်းပြ အန်စလော့တီကတော့ ရီရဲလ်အနေနဲ့ အယ်မီရီယားကို အနိုင်ရရင် လာမယ့် တပတ် မော်ရိုကိုမှာ ကစားမယ့် ကမ္ဘာ့ကလပ်များ ပြိုင်ပွဲအတွက် ယုံကြည်မှု အပြည့်ရလိမ့်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ရီရဲလ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်နဲ့ ကုပါဒယ်ရေ ဆုဖလားတွေကို ဆွတ်ခူးထားပါတယ်။