တောင်ကိုရီးယား သင်္ဘောပေါက်ကွဲမှုကြောင့် မြန်မာ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ
DVB
·
December 11, 2014
မလေးရှားနိုင်ငံ မာရန် အရှေ့ဘက် ၆ ကီလိုမီတာကွာ ပုလောကားပတ် ကျွန်းအနီးမှာ တောင်ကိုရီးယားသင်္ဘောဓာတ်ငွေ့ ယိုစိမ့်ရာကနေ ဖြစ်ပွားခဲ့တဲ့ ပေါက် ကွဲမှုကြောင့် မြန်မာ သင်္ဘောသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားပါတယ်။
[caption id="attachment_73552" align="alignright" width="347"] ဒဏ်ရာရရှိသွားသည့် တောင်ကိုရီးယားနိုင်ငံသား[/caption]
ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ကိုရီးယားနိုင်ငံ သားနဲ့ မြန်မာနိုင်ငံက အသက် ၂၃ နှစ်အ ရွယ် မောင်ဇော်မျိုးထွဋ်တို့ မီးလောင် သေဆုံး သွားပါတယ်။
ဒါ့အပြင် ကိုရီးယားနိုင်ငံသားတဦး ၀မ်းဗိုက်မှာ ဒဏ်ရာရခဲ့ပြီး အသက် ၂၈ နှစ်အရွယ် ကိုခိုင်ဇင်လင်း ညာဘက်ခြေထောက် ကျိုးသွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။
မလေးရှား ရေတပ်က တောင်ကိုးရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ကနေ ကိုရီးယား သင်္ဘောမီးလောင်နေတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့သလို မိနစ် ၄၀ ကြာချိန်မှာတော့ မီးငြိမ်းသွားပြီလို့ ဆိုပါတယ်။
လူ ၂ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရရသလို ဒဏ်ရာရသူတွေကို ဆေးရုံကို ည ၁၀ နာရီခွဲမှာ တင်ပို့ခဲ့ပြီး ထိုင်းကို သွားမယ့် ကိုးရီးယား သင်္ဘောမှာ သင်္ဘောသား ၂၃ ဦး လိုက်ပါလာတယ်လို့ သူက ပြောပါတယ်။