A d v e r t i s e m e n t With Us

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အီဘိုလာ ညီလာခံ ကျင်းပ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ညွန်ကြားရေးမှူးချုပ် မာဂရက် ချန်(Margaret Chan) က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က  ၂ ရက်ကြာ အီဘိုလာ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ Ebola meetingအီဘိုလာရောဂါအဆိုးဆုံး ဖြစ်ပွားနေတဲ့ အနောက်အာဖရိက ၃ နိုင်ငံမှာ အခြေခံ ကျန်းမာရေးစနစ်တွေ ပြန်တည်ဆောက်ဖို့ တိုးတက်တဲ့ နည်းလမ်းတွေ ရရှိဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ အခုနှစ် မတ်လက  အနောက်အာဖရိက ၃ နိုင်ငံမှာ အီဘိုလာရောဂါစဖြစ်ပြီးနောက်ပိုင်း လူထုကျန်းမာရေးအဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး အဲဒါတွေ ပြန်လည်တည်ဆောက်ရေးကို ညွှန်ချုပ် မာဂရက် ချန်က အဓိကအလေးထားပြောဆိုခဲ့ပါတယ်။ သူက “အခြေခံကျန်းမာရေးစနစ်တွေ မကောင်းပဲနဲ့တော့ ဘယ်နိုင်ငံမှ တည်ငြိမ်မှုကို မရနိုင်ဘူး၊ လုံခြုံတဲ့ လူမှုအ၀န်းအ၀ိုင်းကို မတည်ဆောက်နိုင်သလို သဘာဝကပ်ဘေးတွေ ကြံ့ကြံ့ခံ မရင်ဆိုင်နိုင်ဘူး။ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ရှိသလို အီဘိုလာဗိုင်းရပ်လို ကူးစက်ရောဂါမျိုးလည်း ရှိတယ်။” လို့ ပြောပါတယ်။ အခု အီဘိုလာအဆိုးဆုံးဖြစ်နေတဲ့ အနောက်အာဖရိက ၃ နိုင်ငံဟာ နှစ်ရှည်ပြည်တွင်းစစ်တွေကနေ ရုန်းထလာကာစ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေ ဖြစ်ကြပါတယ်။ နှစ်ရှည်ပြည်တွင်းစစ်တွေကြောင့် နိုင်ငံရဲ့ အခြေခံကျန်းမားရေးစနစ်တွေ အကြီးအကျယ် ပျက်စီးခဲ့ပြီး လူဦးရေ ၁ သိန်းမှာ ဆရာဝန် ၁ ဦး၊ ၂ ဦးပဲ ရှိခဲ့တယ်လို့က ပြောကြားပါတယ်။ တခြားကူးစက်ရောဂါတွေဖြစ်တဲ့ အိတ်ခ်ျအိုင်ဗွီလို၊ ငှက်ဖျားရောဂါလို အခြေခံ ကျန်းမာရေးစနစ်တွေ ကောင်းမှ ထိန်းချုပ်နိုင်တဲ့ရောဂါတွေလည်း အနောက်အာဖရိက နိုင်ငံတွေမှာ ဖြစ်ပွားနေသေးတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့မတ်လက အီဘိုလာရောဂါ စတင်ဖြစ်ပွားချိန်ကစလို့ ဒီရောဂါနဲ့ သေဆုံးသူ ၆၃၃၁ ဦး ရှိသွားပြီလို့ ဒဗလျူအိတ်ခ်ျအိုက တရားဝင်ကြေညာထားပေမယ့် စာရင်းမ၀င်ပဲ သေဆုံးသူတွေလည်း ရှိအုံးမယ်လို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့အထိ အီဘိုလာရောဂါ ကူးစက်ခံရသူ ၁၇၈၀၀ ရှိတယ်လို့ ဒဗလျူအိတ်ခ်ျအိုစာရင်းအရ သိရှိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up