A d v e r t i s e m e n t With Us

ခြေစမ်းပွဲကစားရန် မြန်မာ ယူ ၂၂ အသင်းကို ဂျပန်ဖိတ်ကြား

ဓာတ်ပုံ - themff.org
[caption id="attachment_73517" align="alignright" width="387"]ဓာတ်ပုံ - themff.org ဓာတ်ပုံ - themff.org[/caption] ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က မြန်မာ ယူ၂၂ အသင်းကို ဂျပန် ယူ၂၂ အသင်းနဲ့ လာရောက် ခြေစမ်း ကစားဖို့ ဒီဇင်ဘာ ၁၀ ရက်နေ့က တရားဝင် ဖိတ်ကြားခဲ့တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းကို ခြေစမ်းပွဲ ကစားရန် စေလွှတ်သွားမယ်လို့ ပြန်ကြားလိုက်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ၂၀၁၅ ခုနှစ် မတ် ၁၁ ရက်တွင် ခြေစမ်းပွဲကို ဂျပန်နိုင်ငံ ချီဘာနယ် ဖုကူဒါ ဒန်ရှီ အာရီနာ (Fukuda Denshi Arena, Chiba )မှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။ မြန်မာ့လက်ရွေးစင် ယူ ၂၂ အသင်းဟာ အာရှ ယူ ၂၂ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွေကို ၂၀၁၅ ခုနှစ်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး တောင့်တင်းတဲ့အသင်းအဖြစ် ဖွဲ့စည်းသွားဖို့ မြန်မာ့ ဘောလုံးအဖွဲ့ချုပ်က စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up