ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ် ခံနေကြရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီဖို့ သြစတြေးလျနိုင်ငံက အမေရိကန်ဒေါ်လာ ၁၆၆ သန်း ထည့်ဝင်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ကတိပြုလိုက်ပါတယ်။
[caption id="attachment_73514" align="alignright" width="385"]

သြစတေးလျဝန်ကြီးချုပ် တိုနီအာဘော့[/caption]
ကုလသမဂ္ဂရဲ့ Green Climate Fund ကို ထည့်ဝင်မှာဖြစ်ပြီး သြစတြေးလျနိုင်ငံရဲ့ ပြည်ပကူညီကယ်ဆယ်ရေးဘတ်ဂျက်ထဲက ၄ နှစ်ကြာ ထောက်ပံ့မယ်အစီအစဉ် ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံဟာ ကမ္ဘာကြီးကို ကာဗွန် ထုတ်လွှင့်မှု အများဆုံး စက်မှုနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပြီး တာဝန်ယူမှုအနည်းဆုံးနိုင်ငံလို့လည်း ဖော်ပြကြပါတယ်။
ကုလသမဂ္ဂမှာ အလှူငွေထည့်ဝင်မယ့်အစား ပစိဖိတ်နိုင်ငံတွေကို တိုက်ရိုက်ကူညီမယ်လို့ အရင်က ပြောဆိုခဲ့တာပါ။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနဲ့ ၀န်ကြီးချုပ်တို့ ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ကမ္ဘာ့နိုင်ငံအားလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးစားရင်း တချိန်တည်းမှာ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကိုလည်း လက်တွေ့ကျကျ ပါဝင်ကူညီဖို့ တိုက်တွန်းထားပါတယ်။ အမေရိကန်ဒေါ်လာ ၁၆၆ သန်းကို ၄ နှစ်အစီအစဉ်နဲ့ ကူညီသွားမှာဖြစ်မှာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်တိုနီအာဘော့ဟာ ၂၀၁၃ ခုနှစ်က တက်လာပြီးနောက်ပိုင်း ကာဗွန်ခွန် တင်းကျပ်ကောက်ခံခဲ့ပြီး လက်ရှိ နိုင်ငံရဲ့ ပြည့်ဖြိုးမြဲစွမ်းအင် အစားထိုးနိုင်ရေး စီမံကိန်းကို အရှိန် ၂ ဆမြှင့်တင်ချင်နေပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကတော့ ဒီကြေညာချက်ကို ကြိုဆိုခဲ့ကြပေမယ့် သြစတြေးလျနိုင်ငံရဲ့ ပြည်ပကူညီထောက်ပံ့ရေးဘတ်ဂျက်ထဲက ခွဲသုံးတာကိုတော့ သိပ်သဘော မတွေ့ကြပါဘူး။