A d v e r t i s e m e n t With Us

ဝယ်ယူထားသည့် သိပ္ပံနိုဘယ်လ်ဆုတံဆိပ်ပြားကို ရုရှားသူဌေးကြီး ပြန်ပေးမည်

အာဆင်နယ်ဘောလုံးအသင်း ရှယ်ယာ အများစုပိုင်ဆိုင်ထားတဲ့ ရုရှားသူဌေးကြီးက အမေရိကန်သိပ္ပံနိုဘယ်လ်ဆုရှင် ဂျိမ်း ၀ပ်ဆင်ရဲ့ နိုဘယ်လ်ဆုတံဆိပ်ပြားကို ၀ယ်ယူထားတာ  ပြန်ပေးမယ်လို့ ပြောပါတယ်။ Usmanov-Arsenalအမေရိကန်သိပ္ပံနိုဘယ်ဆုရှင်  ဂျိမ်းဝပ်ဆင်ဟာ အခြေအနေရ နိုဘယ်လ်ဆုကို လေလံတင် ရောင်းခဲ့ရပေမယ့် ဒီဆုတံဆိပ်ဟာ သူနဲ့သာထိုက်တန်တာပါလို့ ရုရှားနိုင်ငံရဲ့ သံမဏိနဲ့ တယ်လီဖုန်းဆက်သွယ်ရေးသူဌေုးကြီး အလစ်ဆာ အူစမာနော့ဗ် က ပြောဆိုပါတယ်။ ဂျိမ်းဝပ်ဆင်ဟာ ဒီအန်အေ ဖွဲ့စည်းပုံကို ရှာတွေ့ခဲ့လို့  ၁၉၆၂ ခုနှစ်က နိုဘယ်လ်ဆုကို ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ၁ ပတ်က ခရစ္စတီ လေလံကုမ္ပဏီနဲ့ လေလံတင်ရောင်းချခဲ့တာမှာ အမေရိကန် ဒေါ်လာ ၄.၈ သန်း ရရှိခဲ့ပြီး နိုဘယ်လ်ဆုကို ထုတ်ရောင်းခဲ့တဲ့ ပထမဆုံး သက်ရှိထင်ရှား နိုဘယ်လ်ဆုရှင် ဖြစ်လာပါတယ်။ ဂျိမ်းဝပ်ဆင်ဟာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပြီး ရောင်းရငွေ တချို့တ၀က်ကို လူမှုကူညီရေးအသင်းတွေကို လှူဒါန်းမှာဖြစ်ပြီး တချို့ကို သိပံ္ပသုသေတနလုပ်ငန်းတွေအတွက် လှူဒါန်းမယ်လို့ ပြောပါတယ်။ ရုရှားသူဌေးကြီး အူစမာနော့ဗ်က  ဂျိမ်းဝပ်ဆင်ဟာ လူသားတွေရဲ့ သမိုင်းမှာ အကြီးကျယ်ဆုံး ဇီဝဗေဒပညာရှင်တဦး ဖြစ်လို့ နိုဘယ်လ်ဆုတံဆိပ်ဟာ သူနဲ့ပဲ ထိုက်တန်တယ်လို့ ပြောဆိုခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up