ဗီယက်နမ်နှင့် တောင်ကိုရီးယား လွတ်လက်စွာ ကုန်သွယ်ရေး သဘောတူ

654
ဗီယက်နမ်နဲ့ တောင်ကိုရီးယားတို့ဟာ ၂ နှစ်ခွဲကြာ ညှိနှိုင်းမှုအပြီး လွတ်လပ်စွာ ကုန်သွယ်ရေးကို ဒီဇင်ဘာ ၁၀ ရက်နေ့က သဘောတူလိုက်ကြပါတယ်။
၂ နိုင်ငံကြား လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ထဲမှာ ဆန်ကလွဲလို့ ထုတ်ကုန် ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံတွေအပါအဝင် နယ်ပယ် ၁၇ ခု အကျုံးဝင်ပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒွန်နဲ့ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးတို့လဲ လက်မှတ်ထိုးပွဲကို တက်ရောက်ကြပြီး သဘောတူညီချက်ကို ကြေညာပါတယ်။
ဗီယက်နမ်ဟာ တောင်ကိုရီးယားရဲ့ နဝမမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပြီး တောင်ကိုရီးယားရင်းနှီးမြှုပ်နှံမှုတွေရှိရာ ကမ္ဘာ့စတုတ္ထအကြီးဆုံးပန်းတိုင်လဲ ဖြစ်ပါတယ်။
ဗီယက်နမ်ဝန်ကြီးချုပ်ကတော့ ဒီသဘောတူညီချက်ဟာ ၂ နိုင်ငံကြား နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ ကြိုးစား အားထုတ်မှုတွေရဲ့ ရလဒ်လို့ ပြောပါတယ်။
ဒီသဘောတူညီချက်ကို ဥပဒေအရ သုံးသပ်ပြီး ၂ နိုင်ငံလွှတ်တော်တွေက အတည်ပြု လက်မှတ်ရေးထိုးရဦးမှာပါ။
တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ဘူဆန်မှာ ကျင်းပမယ့် တောင်ကိုရီးယား အာဆီယံ အထူးထိပ်သီးညီလာခံကို ဒီဇင်ဘာ ၁၁နဲ့ ၁၂ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပြီး ဗျူဟာမြောက် မဟာမိတ်နိုင်ငံတွေကြား မိတ်ဖက်ဖြစ်မှု တိုးမြှင့်ဖို့ရည်မှန်းထားပါတယ်။