မသန်စွမ်း ကစားသမား ရည်းစားကို သတ်ဖြတ်မှု အယူခံ အောင်မြင်

991
တောင်အာဖရိကအစိုးရ ရှေ့နေတွေဟာ မသန်စွမ်း အိုလံပစ် အားကစားသမား အော်စကာ ပစ္စတိုးရီးယက်စ်က သူ့ရည်စား သတ်ဖြတ်အမှုကို အယူခံလျှောက်လဲရာမှာ အောင်မြင်သွားပါတယ်။
ဒါပေမယ့် ပစ္စတိုးရီးယက်စ်ကို ထောင် ၅ နှစ်ချထားတာကို တိုးပေးဖို့ တောင်းဆိုတာကိုတော့ တရားသူကြီးက ပယ်ချခဲ့ပါတယ်။
ပစ္စတိုးရီးယက်စ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက သူ့ရည်းစားကို သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် အမှု ရင်ဆိုင်နေရတာပါ။
ရည်ရွယ်ချက် မရှိခဲ့ဘဲ သူ့အခန်းထဲမှာ လူစိမ်းရောက်နေတယ်လို့ မှတ်ပြီး ပစ်ခဲ့တာလို့ ပစ္စတိုးရီးယက်စ်က ခုခံ ချေပခဲ့ပါတယ်။ အမှုဟာ ၇ လ ကြာခဲ့ပြီး နောက်ဆုံးမှာ တရားသူကြီးက ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
အစိုးရ ရှေ့နေတွေက အမှုကို ပြန်လည်စိစစ်ပေးဖို့ လျှောက်လဲခဲ့ပြီး လူသတ်မှုဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံသင့်တယ်လို့ ယုံကြည်နေကြပါတယ်။