A d v e r t i s e m e n t With Us

တရုတ် အဆင့်မြင့်အရာရှိဟောင်းတဦးကို လာဘ်စားမှုဖြင့် ထောင်တသက်တကျွန်း ချမှတ်

တရုတ်နိုင်ငံ ထိပ်တန်းစီမံကိန်းရေးဆွဲရေးဌာန ဒုခေါင်းဆောင်ဟောင်းကို တိုယိုတာမော်တော် ကော်ပိုရေးရှင်းအပါအဝင် ကုမ္ပဏီအတော်များများဆီက လာဘ်စားမှုနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်တယ်လို့ တရုတ်အစိုးရ မီဒီယာက အစီရင်ခံပါတယ်။ ဒါဟာ တရုတ်အစိုးရအတွင်း ထိပ်တန်းအဆင့်ပုဂ္ဂိုလ်ကို အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်စီရင်တာလည်း ဖြစ်ပါတယ်။ Liu Tienan, the former deputy head of China's top planning agency, stands during his verdict at a court in Langfang, Hebei provinceအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုဝန်ကြီးဟောင်းနဲ့ အမျိုးသား စွမ်းအင် စီမံခန့်ခွဲရေး ခေါင်းဆောင်ဟောင်း လျူထျန်နန်ကို လာဘ်စားမှုနဲ့ တရုတ်နိုင်ငံ ဟော်ဘေးပြည်နယ် လန်ဖန်ပြည်သူတရားရုံးက ခုလို စီရင်လိုက်တာ ဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ ကြွယ်ဝချမ်းသာမှု အားလုံးကိုလည်း သိမ်းဆည်းမှာ ဖြစ်ပါတယ်။ လျူဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကြားမှာ လာဘ်ငွေ အမေရိကန်ဒေါ်လာ ၅.၆သန်းနဲ့ ညီတဲ့ ယွမ်ငွေတွေကို ကိုယ်တိုင် ဒါမှမဟုတ် သူသား လျူဒချန်ကနေတဆင့် ယူခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။ လျူဆီက သိမ်းမိတဲ့ ငွေမည်းတွေကို တိုင်းပြည်ကို ပြန်အပ်မယ်လို့လည်း တရားရုံးက ပြောပါတယ်။ တရားသူကြီးတွေက လျူတို့ သားအဖ ၂ ယောက်လုံးကို ပြစ်ဒဏ်စီရင်ခဲ့တာပါ။ တရုတ်နိုင်ငံ ဥပဒေအရ အဂတိလိုက်စားမှုကျူးလွန်ရင် သေဒဏ်စီရင်ခံရပါတယ်။ ဒါပေမယ့် လျူဟာ စုံစမ်းစစ်ဆေးသူတွေအတွက် သက်သေတွေကို လွှဲပြောင်းပေးရာမှာ ပူးပေါင်းခဲ့လို့ သက်ညှာခွင့် ပေးခဲ့တယ်လို့ ပြောပါတယ်။ တရုတ်သမ္မတ ရှီကျင့်ပင်းဟာ ကွန်မြူနစ်ပါတီအုပ်ချုပ်မှုကို ခြိမ်းခြောက်လာနိုင်တဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ ကျားကြီးတွေကိုရော၊ ယင်ကောင်တွေကိုပါ နှိမ်နင်းမယ်လို့ တင်စား ပြောဆို ကတိပေးခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up