မာလာလာနှင့် ခိုင်လတ် နိုဘယ်လ်ငြိမ်းရေးဆု လက်ခံရယူ

imagesဒီနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တွေ ဖြစ်တဲ့ အိန္ဒိယလူမျိုး ကလေးအခွင့်အရေး ကာကွယ်မြှင့်တင်သူ  ခိုင်လတ် ဆက်ယာသီနဲ့ ပါကစ္စတန် ဆယ်ကျော်သက် အမျိုးသမီးပညာရေးအတွက် စည်းရုံးလှုပ်ရှားသူ မာလာလာ ယူဆွတ်ဇိုင်တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ဆုလက်ခံယူပါတယ်။ ဆက်ယာသီဟာ လျှပ်စစ်အင်ဂျင်နီယာဘ၀ကို စွန့်လွှတ်ပြီး ၁၉၈၀ ပြည့်နှစ်ကစလို့ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများစွာကိုလည်း ဦးဆောင်ခဲ့ပြီး သူ ဦးဆောင်တဲ့ ကလေးသူငယ် အခွင့်အရေး ကာကွယ်ရေးအဖွဲ့(ဘီဘီအေ)အဖွဲ့ဟာ အိန္ဒိယမှာ ကလေးအလုပ်သမား ၈ သောင်းကို ကယ်တင်နိုင်ခဲ့တာကြောင့် ချီးကျူးခံရပါတယ်။ ဆုလက်ခံတဲ့ အခမ်းအနားမှာ ဆက်ယာသီက နိုဘယ်လ်ဆုကြာင့် ကလေးအလုပ်သမား ကိစ္စဟာ လူအများ သတိထားစရာ ပိုဖြစ်လာပြီး အသိပညာပေးဖို့ကိစ္စမှာ အထောက်အပံ့ ဖြစ်တယ်လို့ ပြောပါတယ်။ အခွင့်အရေး၊ လုံခြုံရေးနဲ့ မျှော်လင့်ချက်တွေ အားလုံးဟာ ပညာရေးကတဆင့်ပဲ တည်ဆောက်နိုင်မယ်လို့ ပြောပါတယ်။ ၂၀၁၂ ခုနှစ်က တာလီဘန်တွေက ဦးခေါင်းကို သေနတ်နဲ့ ပစ်တာ ခံရပေမယ့် အသက်မသေခဲ့တဲ့ မာလာလာကလည်း ခိုင်လတ် ဆက်ယာသီနဲ့ ပူးပေါင်းပြီး ကလေး အခွင့်အရေးအတွက် လက်တွဲ အလုပ်လုပ်သွားမယ်လို့ ပြောပါတယ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ လက်တွဲ အလုပ်လုပ်နိုင်တယ်ဆိုတာရယ်၊ ကလေးတွေ အခွင့်အရေးအတွက် အောင်မြင်အောင် လက်တွဲဆောင်ရွက်နိုင်တယ်ဆိုတာကို ကမ္ဘာကို ပြသသွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up