A d v e r t i s e m e n t With Us

ထိုင်းအသင်းဆူဇူကီးဖလား ဗိုလ်လုပွဲတက်

၂၀၁၄ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ထိုင်းက ဖိလစ်ပိုင်ကို ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ 101214bထိုင်းနဲ့ ဖိလစ်ပိုင် လက်ရွေးစင်အသင်းတို့ မနေ့ ညက ဘန်ကောက် မြို့မှာ ယှဉ်ပြိုင်ကစားကြရာ ပွဲချိန် ၆ မိနစ်မှာ ချာနာသစ် ဆောင်ကရာဆင်က အဖွင့်ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်း ၅၇ မိနစ်နဲ့ ၈၇ မိနစ်တွေမှာ ခရိုကစ်တာဝီကန်က နှစ် ဂိုးဆက်တိုက်သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ ဖိလစ်ပိုင်က ၁ ဦး ထုတ်ခံရပြီး ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်နည်းပြ သောမတ်ဒိုလီက “ဒီပွဲမှာ ထိုင်းအသင်းနိုင်သင့်ပါတယ်။ ကျနော်တို့နောက်တန်းတွေ ဒီပွဲမှာ အမှားတွေလုပ်ခဲ့တယ်။ ပထမဂိုးသွင်းခံရပြီးနောက်မှာ ကျနော်တို့ ပိုကောင်းအောင်ကြိုးစားခဲ့ပေမယ့် နိုင်အောင် မကန်နိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။ ထိုင်းနည်းပြ ကိုင်တီဆတ်ကတော့ “ကျနော်တို့ကစားသမားတွေ ဒီနေ့ပွဲမှာ နိုင်အောင်ဘယ်လို ကန်ရမယ်ဆိုတာသိပါတယ်။ ဗိုလ်လုပွဲမှာ ဗီယက်နမ်ဖြစ်ဖြစ် မလေးရှားဖြစ်ဖြစ်ဂရုမစိုက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ရင်ဆိုင်ဖို့အသင့်ပါ။ ဆုဖလားကြီးကို နိုင်ငံအတွက်ပြန်ယူပေးဖို့ ရည်မှန်းထားပါတယ် ” လို့ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တုန်းက ဂိုးမရှိ သရေဖြစ်ခဲ့တဲ့အတွက် နှစ်ပွဲပေါင်း ဂိုးရလဒ် ၃ ဂိုး ဂိုးမရှိနဲ့ ထိုင်းက ဗိုလ်လုပွဲတက်သွား တာပါ။ ထိုင်းအသင်းဟာ ဟနွိုင်းမြို့မှာ ဒီကနေ့ ယှဉ်ပြိုင်ကစားကြမယ့် ဗီယက်နမ်နဲ့ မလေးရှားတို့ ဆီမီးဖိုင်နယ်ပွဲ အနိုင်ရတဲ့ အသင်းနဲ့ ဒီဇင်ဘာ ၁၇ နဲ့ ၂၀ ရက်တွေမှာ အိမ်ကွင်း အဝေး ကွင်းစနစ်နဲ့ နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။ ဗီယက်နမ်ဟာ ပထမအကျော့ ကွာလာလမ်ပူမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မလေးရှားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up