A d v e r t i s e m e n t With Us

ၾသစေၾတးလ် ကွမ်းတက်စ်လေယာဉ် ၄ စီး စက်ချွတ်ယွင်း၊ အရေးပေါ်ဆင်းသက်

သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးလေကြောင်းလိုင်းဖြစ်တဲ့ ကွမ်းတက်စ်(Qantas) လေကြောင်းလိုင်းဟာ ၂ ရက်အတွင်း လေယာဉ် ၄ စီး စက်ချွတ်ယွင်းမှု ဖြစ်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ Article Lead - wide6399676712352ximage.related.articleLeadwide.729x410.123o7z.png1418136573180.jpg-620x349ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က တက်မေးနီးရှားပြည်နယ် ဟိုဘတ်တ်(Hobart) မြို့ကနေ မဲလ်ဘုန်းမြို့ကို ပျံသန်းတဲ့ ဘိုရင်း ၇၁၇ လေယာဉ်ဟာ ပျံတက်လာပြီး မိနစ် ၂၀ အကြာမှာ လေယာဉ်ခေါင်းခန်းထဲ စက်ချွတ်ယွင်းမှု ဖြစ်ပြီး ပြန်လှည့်ဆင်းခဲ့ရတာပါ။ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကွမ်းတက်စ်လေကြောင်းပိုင်လေယာဉ် ၃ စီး စက်ချွတ်ယွင်းမှုတွေ ဖြစ်ပြီး လမ်းကြောင်းပြောင်း၊ ဒါမှမဟုတ်ပြန်လှည့်ဆင်းခဲ့ကြရပါတယ်။ လေကြောင်းလိုင်းကြီး ဖြစ်ပြီး အခုလို ကိစ္စမျိုးတွေ မဖြစ်သင့်ဘူးလို့ ခရီးသည်တွေက ပြစ်တင်ပြောဆိုပါတယ်။ ကွမ်းတက်စ်လေကြောင်းလိုင်းအရာရှိချုပ် အလန် ဂျွိုင်းစ်(Alan Joyce) ကတော့ တခြား လေကြောင်းလိုင်းကြီးတွေနဲ့ ယှဉ်ရင် ကွမ်းတက်စ်လေကြောင်းလိုင်းက လေယာဉ်တွေ ပြန်လှည့်ဆင်းရတာ အရမ်းကို နည်းပါးပါတယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up