အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာမှာ အလုပ်သမား ၁၀၀၀ ကျော်ဟာ လူ့အခွင့်အရေးနေ့မှာ လုပ်ခတိုးပေးဖို့ တောင်းဆိုဆန္ဒပြကြပါတယ်။

သမဂ္ဂအဖွဲ့ ၄ ဖွဲ့က အလုပ်သမားတွေဟာ ဆန္ဒပြက ဆန္ဒပြတာကြောင့် နဂိုကတည်းက ယာဉ်ကြော ပိတ်ဆို့နေတဲ့ ဂျာကာတာမြို့မှာ လမ်းပိတ်တဲ့ အခြေအနေ ပိုဆိုးရွားသွားပါတယ်။
အရင်လတုန်းကတော့ ဂျာကာတာမြို့တော်ဝန်က အခြေခံလစာကို တလ အင်ဒိုနီးရှား ရူပီယားငွေ ၂ ဒသမ ၇ သန်း (ဒေါ်လာ ၂၂၀) တိုးပေးဖို့ သဘောတူထားပါတယ်။ နဂိုက အခြေခံ လစာကို ၂ ဒသမ ၄ သန်း သတ်မှတ်ထားတာပါ။ ဒါပေမယ့် အလုပ်သမားတွေကတော့ အခြေခံ လစာကို ဒေါ်လာ ၂၄၃ သန်း အထိ တောင်းဆိုထားကြပါတယ်။
ဒီကြားထဲမှာ အင်ဒိုနီးရှား အစိုးရက လောင်စာဆီ ဈေးနှုန်းမှာ ကျားကန်ပေးတာကို လျှော့ချလိုက်လို့ လောင်စာဆီဈေးနှုန်း ၃၀ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ လောင်စာဆီ ဈေးနှုန်းမှာ အစိုးရက ကျားကန်ပေးထားတဲ့ ရန်ပုံငွေကို လျှော့ချပြီး ပိုထွက်လာတဲ့ ငွေကို အခြေခံ အဆောက်အဦ၊ ပညာရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားပေမ့ယ် အလုပ်သမားတွေက မကျေနပ်ကြပါဘူး။
နိုင်ငံတ၀ှမ်းမှာ လုပ်ခတိုးပေးရေး အလုပ်သမား ဆန္ဒပြပွဲတွေ နေ့စဉ်ပေါ်ပေါက်နေတာ လနဲ့ ချီ ကြာနေပါပြီ။ တောင်းဆိုချက်ကို မလိုက်လျှောရင် နောင်လထဲမှာ ကြီးမားတဲ့ သပိတ်ကို ဆင်နွှဲမယ်လို့ အစိုးရကို သတိပေးထားပါတယ်။