A d v e r t i s e m e n t With Us

အာဆီယံနှင့် တောင်ကိုးရီးယား ဆက်ဆံရေး မြှင့်တင်ရန် ထိပ်သီးညီလာခံ ကျင်းပ

ASEAN and Koreaတောင်ကိုရီးယား နိုင်ငံမှာ ဒီနေ့ကစလို့ တောင်ကိုရီးယားနဲ့ အာဆီယံအဖွဲ့တို့ မဟာဗျူဟာမြောက် ဆက်ဆံရေး မြှင့်တင်ရေး ထိပ်သီးညီလာခံကို ကျင်းပနေပါတယ်။ ၂ ရက်တာ အစည်းအဝေးကို တောင်ကိုရီးယားနဲ့ အာဆီယံတို့ ဆက်ဆံရေးထူထောင်တာ ၂၅ နှစ်ငွေရတု အချိန်နဲ့ တိုက်ဆိုင်ပြီး ကျင်းပတာ ဖြစ်ပါတယ်။ အစည်းအဝေးကို တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး ဘူဆန်မြို့မှာ ကျင်းပတာဖြစ်ပြီး လုံခြုံရေးလည်း တင်းကြပ်ထားပါတယ်။ အစည်းအဝေးကို တက်ရောက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ကလည်း မနေ့က ဘူဆန်မြို့ကို ရောက်နေပါတယ်။ အာဆီယံဟာ တောင်ကိုရီးယားရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး အပြန်အလှန် ကုန်သွယ်ရေးတန်ဖိုးဟာ မနှစ်က အမေရိကန် ဒေါ်လာ ၁၃၅ ဘီလီယံ ရှိတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up