A d v e r t i s e m e n t With Us

ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ် ရလဒ်

UEFA-Champions-League-2014ဗုဒ္ဓဟူးနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်တွေမှာ မန်စီးတီးက ရိုးမားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ စီးတီးအတွက် အနိုင်ဂိုးတွေကို နာစရီနဲ့ ဇာဘက်လက်တာတို့က ဒုတိယပိုင်းကြမှာ သွင်းယူတာ ဖြစ်ပါတယ်။ အုပ်စု (အီး)မှာ မန်စီးတီးက အုပ်စု ဒုတိယ၊ ဘိုင်ယန်မြူးနစ်က ပထမနဲ့ ရှုံးထွက်ကို တက်ရောက်သွားတာပါ။ မန်စီးတီးလိုပဲ ချဲလ်ဆီးကလည်း အိမ်ကွင်းမှာ စပို့တင်းကို ၃ ဂိုးနဲ့ ၁ ဂိုးနဲ့နိုင်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ အနိုင်ဂိုးတွေကို ဖာဘရီဂတ်စ်၊ရှာရဲနဲ့ မစ်ခေးလ်တို့က သွင်းယူပါတယ်။ နည်းပြ မော်ညင်ဟိုရဲ့ အသင်းဟာ ချန်ပီယံလိဂ် အုပ်စုတွင်း ၆ ပွဲမှာ ၄ ပွဲမြောက် အနိုင်ရတာ တာပါ။ ချဲလ်ဆီးက အုပ်စု (ဂျီ)မှာ အုပ်စုဗိုလ်၊ ရှောကဲက ဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up