သိမ်းဆည်းရငွေ ခိုးယူမှုဖြင့် ဟွန်ဒူးရပ်စ်အမျိုးသားရဲဌာန အဖွဲ့ဝင်များကို အရေးယူမည်

1.6K
ဟွန်ဒူးရပ်စ်နိုင်ငံက မူးယစ်ဂိုဏ်းကနေ သိမ်းဆည်းရမိတဲ့ အမေရိကန်ဒေါ်လာ ၁၂.၅သန်းထဲက တချို့ကို ခိုးယူမှုအတွက် ဟွန်ဒူးရပ်စ် အမျိုးသားရဲဌာနက အဖွဲ့ဝင် အနည်းဆုံး ၂၂ ယောက်ကို ရာဇဝတ်မှုနဲ့ တရားစီရင်မယ်လို့ လုံခြုံရေးဝန်ကြီး အာတူရို ကော်ရာ ကော်ရာလဲ့စ်က ဒီဇင်ဘာ ၉ ရက်နေ့က ပြောပါတယ်။
အမေရိကန်က အကျဉ်းသားလွှဲပေးဖို့ တောင်းခံထားတဲ့ ဗိုင်ယေဗိုင်ယေ ရာဇဝတ်ဂိုဏ်းရဲ့ ခေါင်းဆောင် မစ်ဂဲလာ နုဖို ဗိုင်ယေဗိုင်ယေကို ဖမ်းချိန်က ကိုပန်အနောက်ပိုင်း တောင်ထူရာဒေသမှာ ပလတ်စတစ်အိတ် ၁၉ အိတ်နဲ့ ထုတ်ပြီးမြှုပ်ထားတဲ့ ငွေတွေကို အောက်တိုဘာလက ရှာတွေ့ခဲ့တာပါ။
ဟွန်ဒူးရပ်စ်ရဲ့ အင်အားအကြီးဆုံး မူးယစ်ဂိုဏ်းတွေထဲက တခုဖြစ်တဲ့ ဒီဂိုဏ်းကို စစ်ဆင်ရေးအတွင်း ကျားတွေလို့ သိကြတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ အထူး လုံခြုံရေးတုံ့ပြန်မှု အုပ်စုတွေဟာ အမေရိကန်ဒေါ်လာ ၁၂.၅ သန်းကို တွေ့ခဲ့ပေမယ့် ၁၁.၂ သန်းကိုသာ အစီရင်ခံခဲ့တယ်လို့ တရားသူကြီးတွေက ပြောပါတယ်။
ပထမဆုံးခြားနားချက်က ငွေအိတ် ၁၉ လုံး ရှိတယ်လို့ အစီရင်ခံပေမယ့် ဒုတိယအကြိမ်မှာ ၁၇ လုံးပဲ ရှိတယ်လို့ ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“တန်ပြန်ထောက်လှမ်းရေး ရဲတွေရဲ့ ဖော်ထုတ်ချက်အရ သုံးစွဲခဲ့တဲ့ ငွေတွေက ဒေါ်လာတွေ ဖြစ်လို့ အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ပြီး အနည်းဆုံး တော့ ဒေါ်လာ ၁၀၀ တန် ၂၂ ရွက်နဲ့ အဲဒီမှာ ရှိနေတဲ့ လူအယောက် ၅၀ ပဲ” လို့ သူက ဆက်ပြောပါတယ်။
ဒီအမှုဟာ ရာဇဝတ်ဂိုဏ်းကနေ သိမ်းဆည်းရမိတဲ့ ငွေကို ခိုးမှုနဲ့ ပတ်သက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြောင်း လုံခြုံရေးအာဏာပိုင်တွေက ပထမဆုံး ဝန်ခံမှုလည်း ဖြစ်ပါတယ်။
ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပြီး မူးယစ်ဂိုဏ်းတွေ ရှိနေလို့ လူအယောက် ၁ သိန်းမှာ ၉၀.၅ ယောက်နှုန်း အသတ်ခံနေရတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာအဖွဲ့ကြီး (ယူအန်အိုဒီစီ)ရဲ့ နောက်ဆုံးထွက် အစီရင်ခံစာက ဆိုထားပါတယ်။