A d v e r t i s e m e n t With Us

ရတနာပုံနှင့်မုန်းထောင်း ယူနိုက်တက် ခိုက်ရန်ဖြစ်ပွား

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာကျင်းပတဲ့ ၂၀၁၄ ယူနန်ဖလား အသက် ၁၉နှစ်အောက်လူငယ် ဘောလုံးပြိုင်ပွဲမှာ မြန်မာက ရတနာပုံ ယူနိုက်တက်နဲ့ ထိုင်းနိုင်ငံက မုန်းထောင်းယူနိုက်တက် ကလပ်အသင်းတို့ ပွဲစဉ်မှာ ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။ Thailandဒီဇင်ဘာ ၈ ရက်နေ့ကျင်းပခဲ့တဲ့ ဒီဘောလုံးပွဲမှာ ထိုင်းအသင်းက မြန်မာအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး ကစားစဉ်မှာ ၂ ဖက် ကြမ်းကြမ်းတမ်းတမ်း ကစားတာတွေ ရှိခဲ့လို့ ရတနာပုံ ကစားသမား ၃ ဦးနဲ့ မုန်းထောင်း ကစားသမား ၂ ဦး အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ရတနာပုံ အသင်းက ပြစ်ဒဏ်ဘော ရရှိတာကို ကွင်းလယ်ကနေ ဂိုးသမားက ကန်တင်ပေးခဲ့ပြီး တဖက် ဂိုးဧရိယာထဲ ရှုပ်ယှက်ခတ်နေတဲ့ အချိန်မှာ ၂ ဖက်အသင်းတွေ ရန်ဖြစ်ခဲ့ကြတာပါ။ ဒီရန်ပွဲကို ကစားသမားတွေ အပြင် အရန်ကစားသမားတွေပါဝင်ရောက်ခဲ့တဲ့ အတွက် အခြေအနေတွေ ရှုပ်ထွေးသွားပါတယ်။ ဒီပွဲကို ထောင်နဲ့ချီတဲ့ မြန်မာ ပရိသတ်တွေ လာရောက်ကြည့်ရှုခဲ့ကြပြီး ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ယူနန်မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံတကာ ဘောလုံးပြိုင်ပွဲမှာ ရတနာပုံ အသင်းကို ပါဝင်ဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အသင်း ၆ ပွဲကို အုပ်စု ၂ စုခွဲပြီး ယှဉ်ပြိုင်တာဖြစ်ပါတယ်။ တရုတ် ဒုတိယတန်းက ဘောလုံးအသင်း ၊ ထိုင်း၊ မလေးရှား မြန်မာ ဘောလုံး ကလပ်အသင်းတွေ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ https://www.youtube.com/watch?v=-ONEo-tHTI0

A d v e r t i s e m e n t With Us

More News
Up