A d v e r t i s e m e n t With Us

တောင်တရုတ်ပင်လယ်အရေး အမေရိကန်အစီရင်ခံစာ တရုတ် ပြစ်တင်ရှုတ်ချ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
တရုတ်ရဲ့ တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှုကြေညာချက်နဲ့ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့က ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။ ဒါဟာ အငြင်းပွားမှုအတွင်း ဘက်မလိုက်ဘူးဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကတိကိုဆန့်ကျင်နေတယ်လို့လည်း ပြောပါတယ်။ [caption id="attachment_73401" align="alignright" width="406"]တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်[/caption] တရုတ်ဟာ သဘာဝဓာတ်ငွေ့ ရေနံနဲ့ သတ္တု ကြွယ်ဝတယ်လို့ ယုံကြည်နေကြပြီး အရေးပါတဲ့ ပင်လယ်ခရီးသွားလမ်းကြောင်းတွေရှိရာ တောင်တရုတ်ပင်လယ် တခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တိုင်ဝမ်တို့ကလည်း တောင်တရုတ်ပင်လယ် ပိုင်နက်တွေကို သူတို့ပိုင်တယ်လို့ပြောရင်း တရုတ်နဲ့ ပိုင်နက်အငြင်းပွားနေပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်အစိုးရ အစီရင်ခံစာထဲမှာတော့ တရုတ်ရဲ့ အခိုင်အမာပြောဆိုချက်က မရှင်းလင်းဘဲ ရှေ့နောက်မညီဘူးလို့ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဟောင်လီက တရုတ်ရဲ့ အခွင့်အရေးဟာ သမိုင်းဆိုင်ရာ ခိုင်လုံမှုအပေါ် အခြေခံတယ်လို့ ဘေကျင်းမြို့က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုအတွက် ဖိလစ်ပိုင်က နိုင်ငံတကာ တရားရုံးကနေ ဖိအားပေးခဲ့လို့ ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ဟာ ဖိလစ်ပိုင်ကို လူသိရှင်ကြား ရှုတ်ချခဲ့ပါတယ်။ ဒီအမှုကို တုံ့ပြန်ဖို့နောက်ဆုံးအချိန် မတိုင်မီ တပတ်အလို အမှုမှာ ပါဝင်ဖို့ကို ထပ်ငြင်းလိုက်ပါတယ်။ တရုတ်က ရေပိုင်နက်အရေးကို ခုံသမာဓိအဖွဲ့နဲ့ ဖြေရှင်းတာကို ကာလကြာရှည်ပယ်ချခဲ့ပြီး အပြန်အလှန်ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ တသမတ်တည်း ပြောခဲ့ပါတယ်။ တရားရုံးကတော့ တရုတ်ကို အကြောင်းပြန်ကြားဖို့ ဒီဇင်ဘာ ၁၅ ရက်နေ့ထိ အချိန်ပေး ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up