ချန်ပီယံလိဂ်ကနေ လီဗာပူးလ်ထွက်

1.6K
အင်္ဂလန် ပရီးမီးယားလိဂ်က လီဗာပူလ်းကလပ်အသင်းဟာ အိမ်ကွင်းမှာ ဘေဆယ် အသင်းနဲ့ ၁ ဂိုးစီ သရေကျပြီးတဲ့နောက် ချန်ပီယံလိဂ်ကနေ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့က ယှဉ်ပြိုင်ကစားသွားတဲ့ ပွဲစဉ်မှာ ပွဲချိန် ၂၅ မိနစ်မှာ ဘေဆယ်လ်အသင်းက ပထမဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာ လီဗာပူးလ်အသင်းက ချေပဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဥရောပပွဲစဉ်တွေမှာ လီဗာပူလ်း အသင်းက ဘေဆယ်အသင်းကို တခါမှ မရှုံးနိမ့်ခဲ့ဖူးပါဘူး။
ဒီရာသီအတွက် အခုလို ရှုံးနိမ့်မှုဟာ နည်းပြ ဘရက်ဒန်ရော်ဂျာ အပေါ် ထိုးနှက်ချက်တခု ဖြစ်လာသလို လီဗာပူလ်းအသင်းဟာ ယူရိုပါလိဂ်ဖလားပြိုင်ပွဲမှာ ကစားရမှာ ဖြစ်ပါတယ်။
လီဗားပူလ်းအသင်းက အသစ်ဝင်ရောက်ကစားတဲ့ လာဇာမာကိုဗစ်ဟာလည်း ထုတ်ပယ်ခံရတဲ့ အတွက် ၁၀ ဦးထဲနဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းနဲ့ အုပ်စု ဘီမှာ တအုပ်စုတည်း ကျနေတဲ့ ရီရဲလ်းမက်ဒရစ်က ၆ ပွဲကစား ၁၈ မှတ်နဲ့ ပထမ၊ ဘေဆယ်လ်အသင်းကတော့ ၆ ပွဲကစား ၇ မှတ်နဲ့ ဒုတိယ၊ လီဗားပူးလ်ကတော့ ၆ ပွဲကစား ၅ မှတ်၊ လူဒိုဂိုရက်ဇ်ကတော့ ၆ ပွဲကစား ၄ မှတ်ရရှိထားပါတယ်။
တခြားပွဲစဉ် ရလာဒ်တွေကတော့ အိုလံပီယာကော့စ်က မာလ်မိုကို ၄ ဂိုး ၂ ဂိုး၊ ရီးရဲလ်မက်ဒရစ်က လူဒိုဂိုရက်ဇ်ကို ၄ ဂိုး ဂိုးမရှိ၊ မိုနာကိုက ဇင်းနစ်ကို ၂ ဂိုး ဂိုးမရှိ၊ အာဆင်နယ်က ဂါလာတာစာရေးကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဂျူဗင်တပ်နဲ့ အက်သလက်ကို မက်ဒရစ်၊ ဘန်ဖီကာနဲ့ ဘိုင်ယန် လေဗာကူဆင်တို့ ဂိုးမရှိ သရေကျခဲ့သလို ဒေါ့မန်နဲ့ အန်ဒါလက်တို့ကလည်း ၁ ဂိုးစီ သရေကျခဲ့ပါတယ်။