အယ်လ်ကေဒါများ ပြန်ပေးဆွဲခံခဲ့ရသည့် ကမ္ဘာ့နောက်ဆုံးဓားစာခံ ပြန်လွတ်

ပြန်ပေးဆွဲခံခဲ့ရသည့် ပြင်သစ်လူမျိုး ဆာဂီ လာဇာရေ ဗစ်ခ်
[caption id="attachment_73382" align="alignright" width="367"]ပြန်ပေးဆွဲခံခဲ့ရသည့် ပြင်သစ်လူမျိုး ဆာဂီ လာဇာရေ ဗစ်ခ် ပြန်ပေးဆွဲခံခဲ့ရသည့် ပြင်သစ်လူမျိုး ဆာဂီ လာဇာရေ ဗစ်ခ်[/caption] ၂၀၁၁ ခုနှစ်က အယ်လ်ကေဒါတွေရဲ့ မြောက်အာဖရိကစစ်တပ်က ပြန်ပေးဆွဲတာ ခံရပြီး မလွတ်မြောက်သေးတဲ့ ကမ္ဘာ့နောက်ဆုံးဓားစာခံဟာ ခုတော့ ပြန်လွတ်လာပြီလို့ ပြင်သစ်သမ္မတ ဖရန့်ဆွာ ဟောလန်ဒီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာလက SITE စောင့်ကြည့်ရေးဝန်ဆောင်မှုအဖွဲ့ဆီက ရတဲ့ ဆာဂီ လာဇာရေ ဗစ်ခ်ရဲ့ ရုပ်သံတွေကတော့ သူလွတ်မြောက်ရေးအတွက် ပြင်သစ်သမ္မတကို အသနားခံနေပုံနဲ့ ကျန်းမာရေး မကောင်းတာကို ညည်းညူနေပုံတွေကို ပြသထားပါတယ်။ လာဇာရေဗစ်ကို ဆာဟာရဒေသမှာ လှုပ်ရှားနေတဲ့ အယ်လ်ကေဒါဂိုဏ်းခွဲ အာချင်မ်အုပ်စုက မာလီနိုင်ငံမြောက်ပိုင်းကနေ ပြန်ပေးဆွဲခဲ့အပြီး ၃ နှစ်နီးပါး ကြာအောင် ထိန်းသိမ်းထားခဲ့တာပါ။ ပြင်သစ်သမ္မတကတော့ လာဇာရေဗစ်ဟာ နိုင်ဂျာနိုင်ငံမြို့တော် နီယာမေကို ဦးတည်နေပြီး အဲဒီကနေ ပါရီကို ပြန်လာမယ်လို့ ပြောခဲ့ပါတယ်။

More News
Up