A d v e r t i s e m e n t With Us

စီးပွားရေးအရ ပူးပေါင်းရန် ဘရူနိုင်းစော်ဘွားနှင့် တောင်ကိုရီးသမ္မတတို့ တွေ့ဆုံ

Koreaဘရူနိုင်းစော်ဘွား ဟတ်စာနယ် ဘိုလ်ကီးယားဟာ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးနဲ့ ကိုရီးယားမြို့တော် ဆိုးလ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က တွေ့ဆုံပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့ကြား ထိပ်သီးညီလာခံ မတိုင်မီ တွေ့ဆုံမှုပါ။ ဒီဇင်ဘာလ ၉ ရက်နေ့ အပြန်အလှန် ဆွေးနွေးပွဲအတွင်း ခေါင်းဆောင် ၂ ယောက်ဟာ စီးပွားရေး နယ်ပယ်တွင်း ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဖို့ နည်းလမ်းတွေ၊ ကိုရီးယားကျွန်းဆွယ် အခြေအနေတွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေကို ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။ အစောပိုင်းက ဘရူနိုင်းစော်ဘွားဟာ ဆိုးလ်မြို့က အမျိုးသား ဗိမာန်ကို သွားရောက်လည်ပတ်ပြီး ကိုရီးယား စစ်ပွဲအတွင်းကျဆုံးခဲ့တဲ့ စစ်သည်တွေကို အလေးပြုခဲ့ပါတယ်။ အဲဒီနောက် ဘရူနိုင်းလ်စော်ဘွားဟာ ဘူဆန်မြို့မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က စပြီး ၂ ရက်တာ ကျင်းပမယ့် ထိပ်သီးညီလာခံကို တောင်ကိုရီးယားနဲ့ အာဆီယံဆယ်နိုင်ငံက ခေါင်းဆောင်တွေနဲ့အတူ တက်ရောက်မှာပါ။ ဘရူနိုင်း တောင်ကိုရီးယား သံတမန်ဆက်ဆံရေးကို ၁၉၈၄ ခုနှစ်က စတင်ခဲ့ ပါတယ်။

A d v e r t i s e m e n t With Us

More News
Up