A d v e r t i s e m e n t With Us

ဟောင်ကောင်ဆန္ဒပြပွဲများ ရုပ်သိမ်းရန် ဗဟိုတရားရုံး ထုတ်ပြန်

ဟောင်ကောင်ဆန္ဒပြပွဲတွေကို ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက် ၉ နာရီနောက်ဆုံးထားပြီး ရုပ်သိမ်းပေးရမယ်လို့ ဟောင်ကောင်ဗဟိုတရားရုံးက ဒီဇင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ Protestors Continue To Resist As Police Attempt To Clear Protest Sitesဟောင်ကောင်အစိုးရရုံးဌာနတွေရှိတဲ့ အမရာတီ ရပ်ကွက်က လက်ကျန်ဆန္ဒပြစခန်းတွေကို ဖြုတ်သိမ်းဖို့ ဒီဇင်ဘာလ ၉ ရက်နေ့ထုတ် ဟောင်ကောင်သတင်းစာတွေမှာလည်း ကြေညာခဲ့ပါတယ်။ လက်ကျန်ဆန္ဒပြနေရာ ၃ နေရာကို ရှင်းလင်းတဲ့အခါ လိုအပ်ရင် ရဲလုံခြုံရေးအင်အား သုံးမယ်လို့လည်း အမိန့်စာမျာ ပါရှိပါတယ်။ ဆန္ဒပွဲတွေ စတင်ဖြစ်ပွားချိန် လူထုထောက်ခံမှုအပြည့်အ၀ရတုန်းက ဆန္ဒပြသူ ၁ သိန်းကျော် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပေမယ့် အခုတော့ဆန္ဒပြသူ အရေအတွက် သိသိသာသာ ကျသွားတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက မောင်းကွပ်မြို့နယ်ရှိ အဓိကဆန္ဒပြစခန်းတခုကို ဟောင်ကောင်ရဲတွေ ဖယ်ရှားခဲ့တုန်းက ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ဆန္ဒပြကျောင်းသားတွေ ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။ ဆန္ဒပြပွဲတွေကို အဦးဆုံးစတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုခေါင်းဆောင်တွေက ဒီဆန္ဒပြပွဲတွေကို ရပ်လိုက်ပြီး တိုက်ပွဲဗျူဟာပြောင်းဖို့ ဆန္ဒပြကျောင်းသားတွေကို တိုက်တွန်းထားပါတယ်။ အခုလက်ကျန် ဆန္ဒပြပွဲတွေကို ကျောင်းသားတွေက အဓိက လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။ ရဲလုံခြုံရေးအင်အား ၃၀၀၀ နဲ့ လက်ကျန်ဆန္ဒပြစခန်းတွေအားလုံးကို တချိန်ထဲမှာ ဖယ်ရှားနိုင်တယ်လို့လည်း အမည်မဖော်လိုတဲ့ ဟောင်ကောင်ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး South China Morning Post သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ကျောင်းသားတွေကတော့ ဖယ်ရှားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်သွားမယ်လို့ ပြောဆိုကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up