A d v e r t i s e m e n t With Us

လေကြောင်းကာကွယ်ရေး နည်းပညာသစ် လေယာဉ်ပစ်ဒုံးကျည်များ ရုရှား ခင်ကျင်းပြသ

ရုရှားနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး လေကြောင်းကာကွယ်ရေးနည်းပညာသစ်တွေ ဖြစ်တဲ့ S-400 လေယာဉ်ပစ်ဒုံးကျည်နဲ့ တာတိုမှ တာလတ်ပစ် အဆင့်မြှင့်ထားတဲ့ Pantsir-S1  လေယာဉ်ပစ်ဒုံးကျည်တွေကို မြို့တော် မော်စကိုအလယ်က ရင်ပြင်တခုမှ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ခင်းကျင်းပြသခဲ့ပါတယ်။ Russiaယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာနေချိန် ရုရှားအစိုးရရဲ့ နောက်ဆုံးပေါ် စစ်ရေးဝါဒဖြန့်မှုလဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံကို ကာကွယ်ဖို့အတွက် အစိုးရမှာ အင်အား အလုံအလောက် ရှိပြီး ကာကွယ်ဖို့လဲ ဆုံးဖြတ်ထားတယ်အကြောင်း ရုရှားနို်င်ငံကို ဖြိုခွဲဖို့ ကြိုးစားနေတဲ့ ရန်သူတွေကို ပြောချင်တာပါလို့  ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အရင်အပတ်က မိန့်ခွန်းထဲမှာ ပြောခဲ့ ပါတယ်။ S-400 'Triumph' နဲ့ Pantsir-S1 လေယာဉ်ပစ် အမြောက်တွေအပြင် ကာစတာ ရေဒါစခန်းတို့ကို မော်စကိုရဲ့ ရုရှားစစ်ပြတိုက်အပြင်မှာ ပြသထားပါတယ်။ ရုရှားလေတပ် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ခင်းကျင်းပြသတာလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အနောက်နိုင်ငံတွေကတော့ ရုရှားဟာ သူ့ရဲ့ပြိုင်ဖက်တွေကို ခြိမ်းခြောက်ချင်လို့ စစ်ရေးအင်အား ထုတ်ပြလိုက်တာ ဖြစ်တယ်လို့ ပြောရင်း စိုးရိမ်မှုတွေ တိုးလာကြောင်း ဖော်ပြ ခဲ့ပါတယ်။ ရုရှားဟာ ဥရောပတလွှား လေတပ်လှုပ်ရှားမှုတွေ တိုးလာသလို မတ်လတုန်းက ယူကရိန်းဆီက သိမ်းပိုက်ထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်မှာ  ရုရှားစစ်တပ်ကို အင်အား တိုးမြှင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up