A d v e r t i s e m e n t With Us

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်တွင် ဂျက်လေယာဉ်ပျက်ကျ၊ ၆ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ဂျက်လေယာဉ် အသေးတစီးက အိမ်တလုံးပေါ် ပျက်ကျခဲ့လို့ လေယာဉ်ပေါ်ပါသူ ၃ ယောက်နဲ့ မြေပေါ်က လူ ၃ ယောက် သေဆုံးတယ်လို့ မီးသတ်အရာရှိတယောက်က ပြောပါတယ်။ [caption id="attachment_73351" align="alignright" width="404"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] အိမ်ဒုတိယထပ်က အမျိုးသမီးတယောက်နဲ့ ကလေးငယ် ၂ ယောက် သေဆုံးမှုဟာ မီးခိုး မွှန်တာကြောင့်လား ဘာကြောင့်လဲဆိုတော သေချာမသိသေးဘူးလို့ မောင့်ဂိုမာရီမြို့နယ်ရဲချုပ် ဂျေ သောမန်မန်ဂျာက ပြောပါတယ်။ အင်ဂျင် ၂ လုံးတပ် ဖီနွန် ၁၀၀ လေယာဉ်ဟာ မောင်ဂိုမာရီမြို့နယ် လေယာဉ်ကွင်းနဲ့ ၁ မိုင်အကွာက အိမ်တလုံးပေါ် ပျက်ကျခဲ့တာလို့ မြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ပျက်ကျ မီးလောင်ခဲ့လို့ အိမ် ၂ လုံး မီးလောင်ပြီး တခြား ၃ လုံး ပျက်စီးခဲ့ပါတယ်။ မီးကို ငြိမ်းသတ်နိုင်ခဲ့ပေမယ့် လေယာဉ်ဆီတချို့ ချောင်းထဲ ယိုစီးခဲ့တယ်လို့ ပြောပါတယ်။ ပြည်ထောင်စုလေကြောင်းအုပ်ချုပ်ရေးဌာနရဲ့ ပြောခွင့်ရကတော့ လေယာဉ်ဟာ လေဆိပ်ကို ပြန်နေတုန်း ပျက်ကျတာလို့ ပြောပါတယ်။ မျက်မြင်သက်သေတွေကတော့ လေယာဉ်ဟာ ဘီးချထားလျက်နဲ့ ချာလပတ်လည်နေတာ မြင်ခဲ့တယ်။ ထိန်းချုပ်ဖို့ ရုန်းကန်နေပုံရတယ်လို့ ဒေသခံမီဒီယာကို ပြောပါတယ်။ အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့ (အန်တီအက်စ်ဘီ)က ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အခင်းဖြစ်ရာ နေရာကနေ ပျံသန်းမှု မှတ်တမ်းဆိုင်ရာ သေတ္တာနက်ကို ပြန်ရှာတွေ့ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up